?bph6

Place your ads here!

ရခိုင္မွာ လက္ေတြ႕လုပ္ၿပီး သက္ေသျပဖို႔ ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း

ရခိုင္အေရးနဲ႔ပတ္သက္ျပီး ေဝဖန္ခ်က္ေတြ၊ စြပ္စဲြခ်က္ေတြကို စကားနဲ႔ တံု႔ျပန္ေခ်ပေနတာထက္ လက္ေတြ႔ လုပ္ေဆာင္ခ်က္ေတြ၊ တိုးတက္မႈရလဒ္ေတြနဲ႔ ကမၻာကို ျပသသြားဖို႔ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္္ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

သူက ရခိုင္ျပည္နယ္တြင္း လူသားခ်င္းစာနာမႈအကူအညီေထာက္ပံ့ေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖံြ႔ျဖိဳးေရးစီမံကိန္း ေအာင္ျမင္ဖို႔အတြက္ ခိုင္ျမဲစြာ လက္တဲြျပီး လုပ္သြားၾကပါစို႔လို႔လည္း ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားကေန ျပည္သူကို ေျပာပါတယ္။

ဘယ္လိုနည္းနဲ႔ ကူညီနိုင္မယ္၊ ဘယ္လိုဆက္သြယ္ျပီး လုပ္ေဆာင္နိုင္မယ္ဆိုတာကို Websiteနဲ႔ တကြ၊ နိုင္ငံေတာ္သတင္းမီဒီယာေတြမွာ ေအာက္တိုဘာလ
(၁၅)ရက္၊ တနဂၤေႏြေန႔မွာ စတင္ျပီး ေၾကညာမယ္။ ကမၻာ့တဝန္း ေရာက္ရိွေနၾကတဲ့ ျပည္ေထာင္စု ျမန္မာနိုင္ငံေတာ္ရဲ႕ သား၊သမီးေတြနဲ႔ ကြ်န္မတို႔ နိုင္ငံေတာ္အေပၚ ေစတနာထားေသာ မိတ္ေဆြမ်ားအေနနဲ႔ အနီးဆံုး ျမန္မာသံရံုး၊ ေကာင္စစ္ဝန္ခ်ဳပ္ရံုးမ်ားမွ တစ္ဆင့္ ပါဝင္ကူညီနိုင္ရန္လည္း စီစဥ္မယ္လို႔လည္း ေျပာပါတယ္။

အစိုးရက ရခိုင္မွာ ဦးစားေပးလုပ္မယ့္ လုပ္ငန္းစဥ္ ၃ ရပ္ရွိျပီး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား ထိထိေရာက္ေရာက္ ေပးအပ္ေရးနဲ႔ ဒုကၡသည္မ်ား ျပန္လည္လက္ခံေရး၊ ျပန္လည္ေနရာခ်ထားေရးနဲ႔ ျပန္လည္ထူေထာင္ေရး၊ ေဒသဖံြ႔ျဖိဳးေရးနဲ႔ ေရရွည္ ပဋိပကၡကင္းေဝး ေရးတို႔ပဲ ျဖစ္ပါတယ္။
…………………. ။ ။ ……………………..

ရခိုင်မှာ လက်တွေ့လုပ်ပြီး သက်သေပြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ရခိုင်အရေးနဲ့ပတ်သက်ပြီး ဝေဖန်ချက်တွေ၊ စွပ်စွဲချက်တွေကို စကားနဲ့ တုံ့ပြန်ချေပနေတာထက် လက်တွေ့ လုပ်ဆောင်ချက်တွေ၊ တိုးတက်မှုရလာဒ်တွေနဲ့ ကမ္ဘာ့ကို ပြသသွားဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
သူက ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း” အောင်မြင်ဖို့အတွက် ခိုင်မြဲစွာ လက်တွဲပြီး လုပ်သွားကြပါစို့လို့လည်း နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြည်သူကို ပြောပါတယ်။
ဘယ်လိုနည်းနဲ့ ကူညီနိုင်မယ်၊ ဘယ်လိုဆက်သွယ်ပြီး လုပ်ဆောင်နိုင်မယ်ဆိုတာကို Websiteနဲ့ တကွ၊ နိုင်ငံတော်သတင်းမီဒီယာတွေမှာ အောက်တိုဘာလ (၁၅)ရက်၊ တနင်္ဂနွေနေ့မှာ စတင်ပြီး ကြေညာမယ်။ ကမ္ဘာ့တဝှမ်း ရောက်ရှိနေကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့သား၊သမီးများနဲ့ ကျွန်မတို့ နိုင်ငံတော်အပေါ် စေတနာထားသော မိတ်ဆွေများအနေနဲ့ အနီးဆုံး မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပါဝင်ကူညီနိုင်ရန်လည်း စီစဉ်မယ်လို့လည်း ပြောပါတယ်။
အစိုးရက ရခိုင်မှာ ဦးစားပေးလုပ်မယ့် လုပ်ငန်းစဉ် ၃ရပ်ရှိပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခကင်းဝေး ရေးတို့ပဲ ဖြစ်ပါတယ်။

adv_banner