?bph6

Place your ads here!

ေမာင္းထုတ္ခံရတဲ့ ငံုးဥျပဳတ္သည္ကို NLD ႐ံုးခ်ဳပ္ေခၚၿပီး ေထာက္ပံ့ေၾကးေပး

ငံုးဥျပဳတ္ေရာင္းလို႔ ေရႊတိဂံုေစတီေတာ္နားကေန ေမာင္းထုတ္ခံခဲ့ရတဲ့ ငံုးဥျပဳတ္သည္ ဦးေအာင္သန္းကို အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) ႐ံုးကို ေခၚၿပီး ေထာက္ပံ့ေၾကးေငြ ေပးအပ္ခဲ့ပါတယ္။

ဒီကေန႔ ေအာက္တိုဘာလ ၁၂ ရက္၊ ေန႔လည္ ၂ နာရီမွာ အဖြဲကခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႔ဝင္ေတြျဖစ္ၾကတဲ့ ဦးဥာဏ္၀င္း၊ ဦးဟံသာျမင့္၊ ေဒါက္တာ ေဒၚေမ၀င္းျမင့္၊ ဒီလႈိင္း စာေစာင္တာ၀န္ခံ၊ ေရြးေကာက္ပဲြကိုယ္စားလွယ္ ဦးသိန္းဦးနဲ႔ ဗဟိုအမ်ိဳးသမီးအဖြဲ႔တို႔က ဦးေအာင္သန္းကို ႐ံုးခ်ဳပ္ဆီေခၚၿပီး ေထာက္ပံ့ခဲ့တာပါ။

ဦးေအာင္သန္းဟာ NLD က လွဴထားတဲ့ ေငြက်ပ္ ၇ သိန္း ၅ ေသာင္းအျပင္ လက္ရွိမွာ ေငြက်ပ္သိန္း ၂၀ ခန္႔ ေထာက္ပံ့ေၾကး ရထားၿပီး သူဟာ အိမ္ငွားေနရတာျဖစ္လို႔ အိမ္တစ္လံုးလိုခ်င္တယ္လို႔ ဆိုပါတယ္။

NLD ကေတာ့ ဦးေအာင္သန္း ႀကံဳေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ကို တရားဥပေဒနဲ႔အညီ ေဆာင္ရြက္တာကို လိုလားလ်က္ရွိၿပီး ဦးေအာင္သန္း ႀကံဳေတြ႕ခဲ့ရတဲ့ ဒုကၡေတြကို စာနာ နားလည္ေၾကာင္း ျပသတဲ့အေနနဲ႔ အခုလို အလွဴေငြ ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။
…………………. ။ ။ …………………….

မောင်းထုတ်ခံရတဲ့ ငုံးဥပြုတ်သည်ကို NLD ရုံးချုပ်ခေါ်ပြီး ထောက်ပံ့ကြေးပေး

ငုံးဥပြုတ်ရောင်းလို့ ရွှေတိဂုံစေတီတော်နားကနေ မောင်းထုတ်ခံခဲ့ရတဲ့ ငုံးဥပြုတ်သည် ဦးအောင်သန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးကို ခေါ်ပြီး ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်၊ နေ့လည် ၂ နာရီမှာ အဖွဲကချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဒီလှိုင်း စာစောင်တာဝန်ခံ၊ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးသိန်းဦးနဲ့ ဗဟိုအမျိုးသမီးအဖွဲ့တို့က ဦးအောင်သန်းကို ရုံးချုပ်ဆီခေါ်ပြီး ထောက်ပံ့ခဲ့တာပါ။

ဦးအောင်သန်းဟာ NLD က လှူထားတဲ့ ငွေကျပ် ၇ သိန်း ၅ သောင်းအပြင် လက်ရှိမှာ ငွေကျပ်သိန်း ၂၀ ခန့် ထောက်ပံ့ကြေး ရထားပြီး သူဟာ အိမ်ငှားနေရတာဖြစ်လို့ အိမ်တစ်လုံးလိုချင်တယ်လို့ ဆိုပါတယ်။

NLD ကတော့ ဦးအောင်သန်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို တရားဥပဒေနဲ့အညီ ဆောင်ရွက်တာကို လိုလားလျက်ရှိပြီး ဦးအောင်သန်း ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကို စာနာ နားလည်ကြောင်း ပြသတဲ့အနေနဲ့ အခုလို အလှူငွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

adv_banner