?bph6

Place your ads here!




…………………… ။ ။ ……………………….

နေပြည်တော်မှာ တစ်ဧက ဒေါ်လာ ၅ သိန်း မြေနေရာ သံရုံးတွေ မငှားလို

နေပြည်တော်မှာ နိုင်ငံခြားသံရုံးတွေ တည်ဆောက်ဖို့ ၅ ဧကနီးပါး အကျယ်အဝန်း ရှိတဲ့ မြေနေရာတကွက်ကို ၁ ဧက အမေရိကန်ဒေါ်လာ ၅ သိန်းနှုန်းနဲ့ နှစ် ၅၀ ဂရန် ပေးသွားဖို့ ရှိပေမယ့် အများစုက သီးသန့် မငှားရမ်းလိုဘူးလို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

နေပြည်တော်မှာ နိုင်ငံတကာသံရုံးတွေ အခြေစိုက်ရုံး ဖွင့်လှစ်နိုင်ဖို့ သံတမန်ဇုန်ကို Junction ကုန်တိုက် အနောက်မှာ သတ်မှတ်ထားပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတို့သာ ငှားရမ်းစာချုပ်ချုပ်ဆိုပြီး ငွေပေးချေထားပါတယ်။
အမေရိကန်သံရုံးနဲ့ နိုင်ငံတချို့ကတော့ ရန်ကုန်မြို့မှာရှိတဲ့သူတို့ သံရုံးနေရာနဲ့ နေပြည်တော်မှာ တည်ဆောက်မယ့် သံရုံးမြေနေရာကို အလဲအလှယ် ပြုလုပ်လိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကို အဆိုပြုထားကြပါတယ်။

adv_banner