?bph6

Place your ads here!

ျမန္မာဆီကေန ဆန္ တန္ခ်ိန္ ၁ သိန္း တင္သြင္းဖို႔ ဘဂၤလားေဒ့ရွ္အစိုးရ ခြင့္ျပဳ

ျမန္မာႏိုင္ငံဆီကေန ဆန္တန္ခ်ိန္ ၁ သိန္းတင္သြင္းဖို႔ ဘဂၤလားေဒ့ရွ္အစိုးရအဖြဲ႔က ခြင္ျပဳခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ စားနပ္ရိကၡာဝန္ႀကီး ကြာရူလ္ အစၥမမ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဘဂၤလားေဒ့ရွ္အစိုးရ ေကာ္မတီ အစည္းေဝးမွာ ျမန္မာဆီကေန ဆန္ဝယ္မယ့္အစီစဥ္ကို တင္ျပခဲ့ရာ အစိုးရအဖြဲ႔က ခြင္ျပဳခဲ့တာျဖစ္ပါတယ္။ ဆန္ျဖဴတန္ခ်ိန္ ၁ သိန္း ဝယ္ယူေရးစာခ်ဳပ္ကို စားနပ္ရိကၡာဝန္ႀကီးက ျမန္မာအစိုးရ တာဝန္ရွိသူေတြနဲ႔ ၿပီးခဲ့တဲ့လပိုင္းမွာ လက္မွတ္ေရးထုိးၿပီး ျဖစ္ပါတယ္။

ဆန္ျဖဴတစ္တန္ကို အေမရိကန္ေဒၚလာ ၄၄၂ ေဒၚလာနဲ႔ ဝယ္ယူတာျဖစ္ၿပီး ျမန္မာႏိုင္ငံဘက္က သေဘၤာနဲ႔ တင္ပို႔ႏုိင္မယ့္အခ်ိန္ကို မူတည္ၿပီး ဆန္တင္သြင္းမႈ လုပ္ေဆာင္သြာမးယ္လို႔ အစိုးရအဖြဲ႔ အတြင္းေရးမႉး ရာမန္ကေျပာပါတယ္။

ၿပီးခဲ့တဲ့လေတြက ဆန္ဝယ္ယူေရးအတြက္ ေဆြးေႏြးမႈ စာခ်ဳပ္ခဲ့ၿပီး သံုးႏွစ္အတြင္း ျမန္မာႏိုင္ငံဆီကေန ဆန္တန္ခ်ိန္ ၃ သိန္းခြဲ တင္သြင္းသြားဖုိ႔ သေဘာတူညီမႈစာခ်ဳပ္ ခ်ဳပ္ခဲ့ပါတယ္။ အခု တင္ပို႔မယ့္ ဆန္ တန္ခ်ိန္ ၁ သိန္းဟာ ဆန္ သံုးသိန္းခြဲ တင္ပို႔ဖုိ႔ သေဘာတူညီနဲ႔ အက်ံဳးဝင္တယ္လို႔ ဘဂၤလားေဒ့ရွ္ အစိုးရအဖြဲ႔ အတြင္းေရးမႉးက ေျပာပါတယ္။
………………….. ။ ။ ……………………

မြန်မာဆီကနေ ဆန် တန်ချိန် ၁ သိန်း တင်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ခွင့်ပြု

မြန်မာနိုင်ငံဆီကနေ ဆန်တန်ချိန် ၁ သိန်းတင်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က ခွင်ပြုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီး ကွာရူလ် အစ္စမမ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်အစိုးရ ကော်မတီ အစည်းဝေးမှာ မြန်မာဆီကနေ ဆန်ဝယ်မယ့်အစီစဉ်ကို တင်ပြခဲ့ရာ အစိုးရအဖွဲ့က ခွင်ပြုခဲ့တာဖြစ်ပါတယ်။ ဆန်ဖြူတန်ချိန် ၁ သိန်း ဝယ်ယူရေးစာချုပ်ကို စားနပ်ရိက္ခာဝန်ကြီးက မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့လပိုင်းမှာ လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။

ဆန်ဖြူတစ်တန်ကို အမေရိကန်ဒေါ်လာ ၄၄၂ ဒေါ်လာနဲ့ ဝယ်ယူတာဖြစ်ပြီး မြန်မာနိုင်ငံဘက်က သင်္ဘောနဲ့ တင်ပို့နိုင်မယ့်အချိန်ကို မူတည်ပြီး ဆန်တင်သွင်းမှု လုပ်ဆောင်သွာမးယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူး ရာမန်ကပြောပါတယ်။

ပြီးခဲ့တဲ့လတွေက ဆန်ဝယ်ယူရေးအတွက် ဆွေးနွေးမှု စာချုပ်ခဲ့ပြီး သုံးနှစ်အတွင်း မြန်မာနိုင်ငံဆီကနေ ဆန်တန်ချိန် ၃ သိန်းခွဲ တင်သွင်းသွားဖို့ သဘောတူညီမှုစာချုပ် ချုပ်ခဲ့ပါတယ်။ အခု တင်ပို့မယ့် ဆန် တန်ချိန် ၁ သိန်းဟာ ဆန် သုံးသိန်းခွဲ တင်ပို့ဖို့ သဘောတူညီနဲ့ အကျုံးဝင်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။

adv_banner