?bph6

Place your ads here!

ေဆး႐ံုသစ္ ေဆာက္မွာျဖစ္လို႔ ပဲခူးက အုတ္လုပ္ငန္းေတြ မလုပ္ဖို႔ သတိေပးထား

အုတ္လုပ္ငန္းရာသီ ေရာက္လာေတာ့မွာ ျဖစ္ေပမယ့္ ပဲခူးၿမိဳ႕၊ ကလိေက်းရြာ အနီးတစ္ဝိုက္က ေျမေတြမွာ အုတ္လုပ္ငန္းေတြ ဆက္မလုပ္ဖို႔ သက္ဆိုင္ရာက သတိေပးထားတယ္လို႔ အုတ္လုပ္ငန္းရွင္ေတြက MCN ကို ေျပာပါတယ္။

အဲဒီ အုတ္လုပ္ငန္းေတြ ရွိတဲ့ အနီးတဝိုက္မွာ ခုတင္ ၅၀၀ ဆံ့ ေဆး႐ံုသစ္ ေဆာက္လုပ္ေတာ့မွာ ျဖစ္လို႔ လုပ္ငန္းရွင္ေတြကို သတိေပးတာ ျဖစ္ၿပီး ပဲခူးၿမိဳ႕ေပၚအထိ အုတ္ဖုတ္ေညွာ္နံ႔ေတြ ေရာက္လို႔ တိုင္ၾကားမႈေတြလည္း ရွိေနပါတယ္။

ပဲခူးၿမိဳ႕ဟာ အုတ္ဖုတ္လုပ္ငန္း လုပ္ကိုင္သူေတြမ်ားလို႔ အုတ္ၿမိဳ႕ေတာ္လို႔ တင္စားေခၚေဝၚခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ အုတ္လုပ္ငန္းရွင္ေတြဟာ ေျမေနရာရွားပါးမႈနဲ႔ ႀကံဳေတြ႔ေနရတယ္လို႔ အုတ္လုပ္ငန္းရွင္ တခ်ိဳ႕ေတြ ေျပာပါတယ္။
………………. ။ ။ ………………..

ဆေးရုံသစ် ဆောက်မှာဖြစ်လို့ ပဲခူးက အုတ်လုပ်ငန်းတွေ မလုပ်ဖို့ သတိပေးထား

အုတ်လုပ်ငန်းရာသီ ရောက်လာတော့မှာ ဖြစ်ပေမယ့် ပဲခူးမြို့၊ ကလိကျေးရွာ အနီးတစ်ဝိုက်က မြေတွေမှာ အုတ်လုပ်ငန်းတွေ ဆက်မလုပ်ဖို့ သက်ဆိုင်ရာက သတိပေးထားတယ်လို့ အုတ်လုပ်ငန်းရှင်တွေက MCN ကို ပြောပါတယ်။

အဲဒီ အုတ်လုပ်ငန်းတွေ ရှိတဲ့ အနီးတဝိုက်မှာ ခုတင် ၅၀ဝ ဆံ့ ဆေးရုံသစ် ဆောက်လုပ်တော့မှာ ဖြစ်လို့ လုပ်ငန်းရှင်တွေကို သတိပေးတာ ဖြစ်ပြီး ပဲခူးမြို့ပေါ်အထိ အုတ်ဖုတ်ညှော်နံ့တွေ ရောက်လို့ တိုင်ကြားမှုတွေလည်း ရှိနေပါတယ်။

ပဲခူးမြို့ဟာ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူတွေများလို့ အုတ်မြို့တော်လို့ တင်စားခေါ်ဝေါ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အုတ်လုပ်ငန်းရှင်တွေဟာ မြေနေရာရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ အုတ်လုပ်ငန်းရှင် တချို့တွေ ပြောပါတယ်။

adv_banner