


………………….. ။ ။ ……………………

ထိုင်း ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို မြန်မာ ယှဉ်ပြိုင်မယ်
ထိုင်း ယူ-၂၃ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲ (M-150 Cup 2017) ကို မြန်မာ ယူ ၂၃ အသင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဲဒီ ပြိုင်ပွဲမှာ အသင်းဝင် ၆ သင်း ပါဝင်မှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်နိုင်စေဖို့ မြန်မာယူ ၂၃ အသင်းကို မကြာမီမှာ ဖွဲ့စည်း ပြင်ဆင်မှုတွေလုပ်သွားမှာ လည်းဖြစ်ပါတယ်။ ပြိုင်ပွဲ အုပ်စု (က) ဂျပန်၊ မြောက်ကိုရီးယား၊ ဥဇဘတ်ကစ္စတန် ၊ အုပ်စု (ခ) မှာ အိမ်ရှင်ထိုင်း၊ မြန်မာ၊ ဗီယက်နမ်တို့ ပါဝင်ကြမှာဖြစ်ပါတယ်။

အုပ်စု ထိပ်ဆုံးနှစ်သင်းမှာ ဗိုလ်လုပွဲ ကစားမည်ဖြစ်ပြီး ဒုတိယ နေရာရအသင်းတွေက တတိယနေရာလုပွဲ ကစားမှာဖြစ်ပါတယ်။ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဒီဇင် ဘာ ၉ ရက်နေ့ ၁၅ ရက်အထိ ကစားမှာဖြစ်ပြီး မြန်မာ အသင်းဟာ ၁၁ ရက်နေ့မှာ ဗီယက်နမ် အသင်း၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထိုင်းအသင်းတို့ နဲ့ ကစားမှာဖြစ်ပါတယ်။

adv_banner