?bph6

Place your ads here!

ထိုင္း အုန္းသီးစက္႐ံုက ျမန္မာအလုပ္သမား ၅၀ ေက်ာ္ အလုပ္ျဖဳတ္ခံရ

ထိုင္းႏိုင္ငံ စမြတ္ပါကန္ၿမိဳ႕နယ္ အုန္းသီးအလုပ္႐ံုမွာအလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာအလုပ္သမား ၅၀ ေက်ာ္ အလုပ္ျဖဳတ္ခံရၿပီး ျမန္မာသံရံုးဆီ အကူညီေတာင္းခံမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အလုပ္သမားေတြဟာ ျမန္မာႏိုင္ငံကေနတဆင့္ အလုပ္ကိုင္ရွာေဖြေရးေအဂ်င္စီ တစ္ခုမွ ပို႔ေဆာင္ေပးခဲ့သူေတြျဖစ္ၿပီး ထုိင္းႏိုင္ငံမွာ ထုိင္းလူမ်ိဳး တစ္ဆင့္ခံပြဲစားနဲ႔ ျမန္မာလူမ်ိဳး တစ္ဆင္ခံပြဲစား လက္ထဲကို လြဲအပ္လုိက္သည့္အတြက္ အလုပ္မရွိျဖစ္ခဲ့ရတယ္လို႔လည္း အလုပ္သမားေတြကေျပာ ပါတယ္။

အခုလက္ရွိအခ်ိန္မွာ ေနစရာအခက္အခဲျဖစ္ေနတဲ့ ျမန္မာလုပ္သားေတြကို AAC အဖြဲ႕ ေဂဟာ မွာေစာင့္ေရွာက္ထားၿပီး သက္ဆိုင္ရာနယ္ေျမ အလုပ္သမား႐ံုးကေနတစ္ဆင့္ နစ္နာေၾကးမ်ား ရရွိႏိုင္ေရးကူညီေဆာင္ရြက္ေပးသြားမယ္လုိ႔ အလုပ္သမားအေရး အကူအညီေပးလ်က္ရွိေနတဲ့ AAC မဟာမိတ္အဖြဲ႕ ကေျပာပါတယ္။
………………. ။ ။ ………………….

ထိုင်းအုန်းသီးစက်ရုံမှ မြန်မာအလုပ်သမား ၅၀ ကျော် အလုပ်ဖြုတ်ခံရ
ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့နယ် အုန်းသီးအလုပ်ရုံမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅၀ ကျော် အလုပ်ဖြုတ်ခံရပြီး မြန်မာသံရုံးဆီ အကူညီတောင်းခံမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားတွေဟာ မြန်မာနိုင်ငံကနေတဆင့် အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီ တစ်ခုမှ ပို့ဆောင်ပေးခဲ့သူတွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုး တစ်ဆင့်ခံပွဲစားနဲ့ မြန်မာလူမျိုး တစ်ဆင်ခံပွဲစား လက်ထဲကို လွဲအပ်လိုက်သည့်အတွက် အလုပ်မရှိဖြစ်ခဲ့ရတယ်လို့လည်း အလုပ်သမားတွေကပြော ပါတယ်။

အခုလက်ရှိအချိန်မှာ နေစရာအခက်အခဲဖြစ်နေတဲ့ မြန်မာလုပ်သားတွေကို AAC အဖွဲ့ ဂေဟာ မှာစောင့်ရှောက်ထားပြီး သက်ဆိုင်ရာနယ်မြေ အလုပ်သမားရုံးကနေတစ်ဆင့် နစ်နာကြေးများ ရရှိနိုင်ရေးကူညီဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမားအရေး အကူအညီပေးလျက်ရှိနေတဲ့ AAC မဟာမိတ်အဖွဲ့ ကပြောပါတယ်။

adv_banner