အၾကမ္းဖက္ဘဂၤါလီ ၁၇၈၅ ဦး နာမည္နဲ႔ ေနထိုင္တဲ့ ရြာစာရင္းရထား

ရခိုင္အၾကမ္းဖက္တုိက္ခုိက္မႈျဖစ္စဥ္မွာ အၾကမ္းဖက္သမားေတြရဲ႕ ဦးေဆာင္မႈနဲ႔ ဘဂၤါလီရြာသားမ်ား ပါ၀င္ခဲ့ၾကျပီး ေအာက္တုိဘာ ၈ ရက္အထိ စိစစ္ေဖာ္ထုတ္မႈအရ ၁၇၈၅ ဦးရဲ႕ နာမည္နဲ႔ရြာအမည္မ်ား စာရင္းရရွိထားတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာပါတယ္။

ေအာက္တုိဘာ ၁၁ ရက္က ရန္ကုန္ၿမိဳ႕၊ ကုန္းျမင့္သာရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္မွာ ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္ႏုိင္ငံသံအမတ္ႀကီး Mr. Scot Alan Marciel နဲ႔ ေတြ႔ဆံုတုန္း ေျပာခဲ့တာ ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးက ARSA အဖြဲ႕မ်ားရဲ႕ ဦးေဆာင္မႈနဲ႔ ေဒသခံဘဂၤါလီရြာသားမ်ားပါရွိေနျပီး ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးေနသူေတြဟာ ကိုယ့္ကုိယ္ကုိယ္ မလံုဘဲ လံုၿခံဳမႈမရွိလို႔ ေျပးျခင္းျဖစ္ႏုိင္ တယ္လို႔လည္း သံအမတ္ကို ေျပာခဲ့ပါတယ္။

ေဒသခံရခုိင္မ်ား၊ တုိင္းရင္းသားမ်ား၊ အခ်ဳိ႕ေသာ ဟိႏၵဴဘာသာ၀င္ ဘဂၤါလီမ်ား၊ အစၥလာမ္ဘာသာ၀င္ ဘဂၤါလီမ်ားဟာ မိမိအတြက္ လံုၿခံဳမႈရွိမယ္လို႔ ယူဆတဲ့ ေမာင္ေတာ၊ စစ္ေတြၿမိဳ႕မ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ၾကတယ္။

ဘဂၤါလီမ်ားရဲ႕ Native အမွန္ဟာ ဘဂၤလားေဒသ ျဖစ္တာေၾကာင့္ သူတုိ႔နဲ႔ ဘာသာတူ၊ လူမ်ဳိးတူ၊ ယဥ္ေက်းမႈတူတဲ့ တစ္ဖက္ႏုိင္ငံသို႔ လံုၿခံဳမႈရွိမယ္လို႔ ယူဆျပီး ထြက္ေျပးျခင္းျဖစ္ႏုိင္တယ္လို႔လည္း ေဆြးေႏြးေျပာၾကားတယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးသတင္းမွာ ေဖာ္ျပပါတယ္။
……………….. ။ ။ ……………..

အကြမ်းဖက်ဘင်္ဂgလီ ၁၇၈၅ ဦး နာမည်နဲ့နေထိုင်တဲ့ ရွာစာရင်းရထား
ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ အကြမ်းဖက်သမားတွေရဲ့ ဦးဆောင်မှုနဲ့ ဘင်္ဂါလီရွာသားများ ပါဝင်ခဲ့ကြပြီး အောက်တိုဘာ ၈ ရက်အထိ စိစစ်ဖော်ထုတ်မှုအရ ၁၇၈၅ ဦးရဲ့ နာမည်နဲ့ရွာအမည်များ စာရင်းရရှိထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်က ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး Mr. Scot Alan Marciel နဲ့ တွေ့ဆုံတုန်း ပြောခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကီးက ARSA အဖွဲ့များရဲ့ ဦးဆောင်မှုနဲ့ ဒေသခံဘင်္ဂါလီရွာသားများပါရှိနေပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေသူတွေဟာ ကိုယ့်ကိုယ်ကိုယ် မလုံဘဲ လုံခြုံမှုမရှိလို့ ပြေးခြင်းဖြစ်နိုင် တယ်လို့လည်း သံအမတ်ကို ပြောခဲ့ပါတယ်။

ဒေသခံရခိုင်များ၊ တိုင်းရင်းသားများ၊ အချို့သော ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများ၊ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများဟာ မိမိအတွက် လုံခြုံမှုရှိမယ်လို့ ယူဆတဲ့ မောင်တော၊ စစ်တွေမြို့များသို့ ထွက်ပြေးတိမ်းရှောင်ကြတယ်။

ဘင်္ဂါလီများရဲ့ Native အမှန်ဟာ ဘင်္ဂလားဒေသ ဖြစ်တာကြောင့် သူတို့နဲ့ ဘာသာတူ၊ လူမျိုးတူ၊ ယဉ်ကျေးမှုတူတဲ့ တစ်ဖက်နိုင်ငံသို့ လုံခြုံမှုရှိမယ်လို့ ယူဆပြီး ထွက်ပြေးခြင်းဖြစ်နိုင်တယ်လို့လည်း ဆွေးနွေးပြောကြားတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြပါတယ်။

adv_banner