?bph6

Place your ads here!

ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရး ဧရိယာ တိုးခ်ဲ႕ဖို႔ စစ္တမ္းေကာက္မယ္

ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရး ဧရိယာ တိုးခ်ဲ႕ႏိုင္ေရးအတြက္ လိုအပ္တဲ့ အခ်က္အလက္ေတြနဲ ့ေဒသခံေတြကို စစ္တမ္းေကာက္ယူျခင္းေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရး ဧရိယာ တိုးခ်ဲ႕ႏိုင္ေရး အပါအဝင္ သုေတသန လုပ္ငန္းေတြကို မႏၱေလးၿမိဳ႕ကေန ကခ်င္ျပည္နယ္ ဗန္းေမာ္အထိ သုေတသန ခရီးစဥ္ကို ငါးလုပ္ငန္းဦးစီးဌာနနဲ႔ သားငွက္ထိန္းသိမ္းေရးအဖြဲ႔ (ျမန္မာႏိုင္ငံအစီအစဥ္) တို႔ ပူးေပါင္းေဆာင္ရြက္မွာ ျဖစ္ပါတယ္။

ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရး ဧရိယာ တိုးခ်ဲ႕ႏိုင္ေရး ရည္ရြယ္ထားမႈဟာ တတိယ ျမစ္က်ဥ္းထိပ္ျဖစ္တဲ့ စစ္ကိုင္းတိုင္း ေဒသႀကီး ကန္႔ဘလူၿမိဳ႕နယ္ မလယ္ရြာကေန ဒုတိယ ျမစ္က်ဥ္းထိပ္ျဖစ္တဲ့ ကခ်င္ျပည္နယ္ ေရႊဂူၿမိဳ႕နယ္အထိ ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ သုေတသန ျပဳလုပ္ခ်က္ေတြအရ ဧရာဝတီ လင္းပိုင္ အေကာင္ေရ ၆၉ ေကာင္ ေနထိုင္ က်က္စားေနပါတယ္။
………………. ။ ။ …………………

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ တိုးချဲ့ဖို့ စစ်တမ်းကောက်မယ်

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ တိုးချဲ့နိုင်ရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေနဲ ့ဒေသခံတွေကို စစ်တမ်းကောက်ယူခြင်းတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ တိုးချဲ့နိုင်ရေး အပါအဝင် သုတေသန လုပ်ငန်းတွေကို မန္တလေးမြို့ကနေ ကချင်ပြည်နယ် ဗန်းမော်အထိ သုတေသန ခရီးစဉ်ကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ တိုးချဲ့နိုင်ရေး ရည်ရွယ်ထားမှုဟာ တတိယ မြစ်ကျဉ်းထိပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် မလယ်ရွာကနေ ဒုတိယ မြစ်ကျဉ်းထိပ်ဖြစ်တဲ့ ကချင်ပြည်နယ် ရွှေဂူမြို့နယ်အထိ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ သုတေသန ပြုလုပ်ချက်တွေအရ ဧရာဝတီ လင်းပိုင် အကောင်ရေ ၆၉ ကောင် နေထိုင် ကျက်စားနေပါတယ်။

adv_banner