?bph6

Place your ads here!





……………….. ။ ။ …………………

ကလေးငယ် ၃၃ ရာခိုင်နှုန်း ရေနံဆီနဲ့ ဖယောင်းတိုင်ကို အားပြုနေရ

မြန်မာနိုင်ငံမှာ ကလေးသူငယ် ၃၃ ရာခိုင်နှုန်းကျော်ဟာ အလင်းရောင်အတွက် ရေနံဆီနဲ့ ဖယောင်းတိုင်ကို အသုံးပြုနေရတဲ့ အိမ်ထောင်စုတွေက ဖြစ်ပါတယ်။

ကလေးသူငယ် သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အလင်းရောင်အတွက် ရေနံဆီနဲ့ ဖယောင်းတိုင်ကို သုံးနေရပြီး ကလေးငယ်နဲ့ လူငယ် ၇၅ ရာခိုင်နှုန်းကျော်ဟာ သစ်သားထင်းနဲ့ ရေနံဆီတွေကို လောင်စာအဖြစ် သုံးနေရတဲ့ အိမ်ထောင်စုတွေက ဖြစ်ပါတယ်။ မနေ့က အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အကြောင်းအရာ သန်းခေါင်းစာရင်းကို အခြေခံတဲ့ ကလေးသူငယ်နဲ့ လူငယ်လူရွယ် အကြောင်းအရာ သုတေသနစာတမ်းမှာ ဒီအချက်အလက်တွေကို ဖော်ပြထားတာပါ။

အဲ့ဒီလို သုံးနေရတဲ့ အကျိုးဆက်အနေနဲ ့ကလေးသူငယ်တွေဟာ ဝမ်းလျှောရောဂါ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေနဲ့ အဆိပ်သင့်မှုတွေ ဖြစ်ပွားနိုင်ပါတယ်။

adv_banner