?bph6

Place your ads here!

နယ္စပ္ေဒသက လူငယ္ ၅၀ ရာခိုင္ႏႈန္း ျပည္ပ ေရာက္ေန

နယ္စပ္ေဒသ မ်ားရွိ လူငယ္လူရြယ္ ၅ဝ ရာခိုင္ႏႈန္းခန္႔ ျပည္ပမွာ ေရာက္ရွိေနျပီး သန္းေခါင္စာရင္းေကာက္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္တုန္းက လူရြယ္ ခုနစ္သိန္းခန္႔ ျပည္ပမွာ ေရာက္ရွိေနၾကတယ္လို႔ အစိုးရက သတင္းထုတ္ျပန္ပါတယ္။

ေအာက္တိုဘာ ၁၁ ရက္က ထုတ္ျပန္လိုက္တဲ့ ၂ဝ၁၄ ခုႏွစ္ လူဦးေရနဲ႔ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္း အခ်က္ အလက္မ်ားကိုအေျခခံတဲ့ ကေလးသူငယ္နဲ႔ လူငယ္လူရြယ္ အေၾကာင္း အရာစာတမ္းမွာ ေဖာ္ျပလိုက္တာ ျဖစ္ပါတယ္။

ျပည္ပ ေရႊ႕ေျပာင္းသူမ်ားရဲ႕ ၆ဝ ရာခိုင္ႏႈန္းဟာ လူငယ္အမ်ဳိးသားမ်ားျဖစ္ျပီး လူငယ္မ်ားရဲ႕ ၅၇ ရာခိုင္ ႏႈန္းဟာ ဘဝတစ္ေလွ်ာက္မွာ တိုင္းေဒသႀကီး/ ျပည္နယ္တခုကေန အျခား တိုင္းေဒသႀကီး/ ျပည္နယ္တခုသို႔ အနည္းဆုံးတစ္ႀကိမ္ ေျပာင္းေရႊ႕ေနထိုင္ဖူးၾကတယ္လို႔လည္း စာတမ္းမွာ ေဖာ္ျပပါတယ္။

လူငယ္အမ်ားစုဟာ ေမြးဖြားရာ ၿမိဳ႕နယ္မ်ားမွာ ေနထိုင္ၾကၿပီး အသက္ ၁၅ ႏွစ္နဲ႔ ၂ ႏွစ္ၾကား လူငယ္ ငါးေယာက္မွာ တစ္ေယာက္ဟာ ေမြးဖြားရာ ေဒသကေန အျခားေဒသသို႔ ေျပာင္းေရႊ႕ဖူး သူမ်ားျဖစ္တယ္လို႔ လည္း သန္းေခါင္စာရင္းစစ္တမ္းအရ သိရပါတယ္။
………………….. ။ ။ ………………………
နယ်စပ်ဒေသက လူငယ် ၅၀ ရာခိုင်နှုန်း ပြည်ပ ရောက်နေ

နယ်စပ်ဒေသ များရှိ လူငယ်လူရွယ် ၅ဝ ရာခိုင်နှုန်းခန့် ပြည်ပမှာ ရောက်ရှိနေပြီး သန်းခေါင်စာရင်းကောက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက လူရွယ် ခုနစ်သိန်းခန့် ပြည်ပမှာ ရောက်ရှိနေကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်လိုက်တဲ့ ၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက် အလက်များကိုအခြေခံတဲ့ ကလေးသူငယ်နဲ့ လူငယ်လူရွယ် အကြောင်း အရာစာတမ်းမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ပြည်ပ ရွှေ့ပြောင်းသူများရဲ့ ၆ဝ ရာခိုင်နှုန်းဟာ လူငယ်အမျိုးသားများဖြစ်ပြီး လူငယ်များရဲ့ ၅၇ ရာခိုင် နှုန်းဟာ ဘဝတစ်လျှောက်မှာ တိုင်းဒေသကြီး/ ပြည်နယ်တခုကနေ အခြား တိုင်းဒေသကြီး/ ပြည်နယ်တခုသို့ အနည်းဆုံးတစ်ကြိမ် ပြောင်းရွှေ့နေထိုင်ဖူးကြတယ်လို့လည်း စာတမ်းမှာ ဖော်ပြပါတယ်။

လူငယ်အများစုဟာ မွေးဖွားရာ မြို့နယ်များမှာ နေထိုင်ကြပြီး အသက် ၁၅ နှစ်နဲ့ ၂ နှစ်ကြား လူငယ် ငါးယောက်မှာ တစ်ယောက်ဟာ မွေးဖွားရာ ဒေသကနေ အခြားဒေသသို့ ပြောင်းရွှေ့ဖူး သူများဖြစ်တယ်လို့ လည်း သန်းခေါင်စာရင်းစစ်တမ်းအရ သိရပါတယ်။

adv_banner