?bph6

Place your ads here!




………………. ။ ။ …………………..

၁၄-၁၅ နှစ်အရွယ် ကလေး ထက်ဝက်ခန့်ပဲ အထက်တန်းပညာသင်နိုင်

အသက် ၁၄-၁၅ နှစ်အရွယ် ကလေးများရဲ့ ထက်ဝက်ခန့် ၅၁ ရာခိုင်နှုန်းပဲ အထက်တန်းပညာကို တက်ရောက်သင်ကြားနေကြောင်း တွေ့ရတယ်လို့ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းစစ်တမ်းက ဖော်ပြ လိုက်ပါတယ်။

စစ်တမ်းပါ အချက်အလက်များအရ အသက် (၅-၉) နှစ်အတွင်းရှိသူ ကလေးများရဲ့ ၇၁ ဒသမ ၂ ရာခိုင်နှုန်းဟာ မူလတန်းပညာ တက်ရောက် သင်ကြား နေကြတယ်၊ အသက် (၁ဝ-၁၃)နှစ်အရွယ် ကလေး ၇၆ ဒသမ ၂ ရာခိုင်နှုန်းက အလယ်တန်းပညာ တက်ရောက် သင်ကြားနေကြတယ်။ဒါပေမယ့် ၁၄-၁၅နှစ်အရွယ် ကလေးတွေရဲ့ ထက်ဝက်ပဲ အထက်တန်းပညာသင်နိုင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အထက်တန်းပညာ သင်ကြားမှုအနေနဲ့ ကျေးလက်ဒေသမှာ ၄၇ ရာခိုင်နှုန်း၊ မြို့ပြဒေသမှာ ၅၉ ရာခိုင်နှုန်းရှိတဲ့အတွက် ကျေးလက်နဲ့ မြို့ပြကွာခြားမှုကိုလည်း ပြဆိုနေပါတယ်။

adv_banner