?bph6

Place your ads here!




………………… ။ ။ …………………

သမ္မတဟောင်းလို ့မသတ်မှတ်ထားဘဲ အေးဆေး လယ်စိုက်နေတယ်လို ့ဦးသိန်းစိန်ပြော

သမ္မတဟောင်းဦးသိန်းစိန်က သူ့ကိုယ်သူ သမ္မတဟောင်းလို့ မသတ်မှတ်ထားဘဲ အေးအေးဆေးဆေး လယ်စိုက်နေတယ်လို ့အောက်တိုဘာ ၁၁ ရက်နေ ့က နေပြည်တော်မှာ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးကိုလည်း လက်ရှိ အစိုးရဟာကြိုးစားဆောင်ရွက်နေပြီး အကောင်းဆုံး လုပ်ဆောင်သွားမှာပါလို ့သူက သတင်းမီဒီယာသမားတွေကိုပြောခဲ့ပါတယ်။

လက်ရှိမှာတော့ သူဟာပြည်သူတစ်ယောက်သာဖြစ်တဲ့အတွက် လယ်စိုက်နေပြီး သူ့ကိုယ်သူ လယ်သမားလို့ပဲ သတ်မှတ်ထားတယ်လို့ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်ကို ချစ်ခင်မြတ်နိုးသူများ က စုပေါင်းတည်ထောင်ထားတဲ့ “ဒို့သမ္မတ”တက္ကသိုလ်ဝင်တန်း (အခမဲ့) ပညာရေး ကူညီမှု သင်တန်းကျောင်းကို ကန်တော့ခံဖို့ ရောက်ရှိလာတဲ့ ဦးသိန်းစိန်က ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

adv_banner