?bph6

Place your ads here!

ပဲခူးတိုင္း စီမံကိန္း ေရးဆြဲအေကာင္အထည္ ေဖာ္ေရး ေကာ္မတီ အစည္းအေဝး က်င္းပ

ပဲခူးတိုင္းေဒသႀကီး စီမံကိန္း ေရးဆြဲအေကာင္အထည္ ေဖာ္ေရး ေကာ္မတီ အစည္းအေဝးကို ဒီေန႔ ေအာက္တိုဘာ ၁၁ ရက္ေန႔မွာ တိုင္းအစိုးရအဖြဲ႔႐ံုးမွာ က်င္းပပါတယ္။

ဌာနဆိုင္ရာေတြ အေနနဲ႔ ဦးစားေပး စီမံကိန္း လ်ာထားရာမွာ လွ်ပ္စစ္ဓာတ္အား ပိုရေရး၊ စက္မႈက႑ အေသးစား၊ အလတ္စား လုပ္ငန္းေတြ ဖြံ႔ၿဖိဳးတိုးတက္ေရး၊ အထူးစီးပြားေရးဇုန္ ေပၚထြန္းေရး၊ စီမံကိန္းေရးဆြဲရာမွာ ေဒသခံျပည္သူနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား စသျဖင့္ ပါဝင္သင့္ပါဝင္ထိုက္သူေတြ ပူးေပါင္းပါဝင္ေအာင္ ေဆာင္ရြက္ေရး စတာေတြ ေဆြးေႏြးခဲ့ၾကပါတယ္။

အစည္းအေဝးကို ဝန္ႀကီးခ်ဳပ္၊ ဝန္ႀကီးမ်ား၊ အစိုးရအဖြဲ႔ အတြင္းေရးမႉးနဲ႔ သက္ဆိုင္ရာ တိုင္းေဒသႀကီးအဆင့္ ေကာ္မတီဝင္ေတြ တက္ေရာက္ခဲ့ပါတယ္။

စီမံကိန္း ေရးဆြဲအေကာင္အထည္ ေဖာ္ေရး ေကာ္မတီဟာ တိုင္းေဒသႀကီး လူမႈစီးပြားဖြံ႔ၿဖိဳးတိုးတက္ေရးကို အေထာက္အကူ မျပဳတဲ့ စီမံကိန္းေတြကို ျငင္းပယ္တာ၊ လူမႈဖြံ႔ၿဖိဳးေရး စီမံကိန္းေတြ ေရးဆြဲတာ၊ သေဘာတူၿပီးတဲ့ တိုင္း လုပ္ငန္းစီမံကိန္းေတြကို တိုင္းအစိုးရကတဆင့္ လႊတ္ေတာ္ကို တင္ျပတာေတြ ေဆာင္ရြက္မွာ ျဖစ္ပါတယ္။
………………………..။ ။ …………………………….

ပဲခူးတိုင်း စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးကို ဒီနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ တိုင်းအစိုးရအဖွဲ့ရုံးမှာ ကျင်းပပါတယ်။

ဌာနဆိုင်ရာတွေ အနေနဲ့ ဦးစားပေး စီမံကိန်း လျာထားရာမှာ လျှပ်စစ်ဓာတ်အား ပိုရရေး၊ စက်မှုကဏ္ဍ အသေးစား၊ အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးစီးပွားရေးဇုန် ပေါ်ထွန်းရေး၊ စီမံကိန်းရေးဆွဲရာမှာ ဒေသခံပြည်သူနဲ့ လွှတ်တော်ကိုယ်စားလှယ်များ စသဖြင့် ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပူးပေါင်းပါဝင်အောင် ဆောင်ရွက်ရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ကော်မတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။

စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်ရေး ကော်မတီဟာ တိုင်းဒေသကြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ မပြုတဲ့ စီမံကိန်းတွေကို ငြင်းပယ်တာ၊ လူမှုဖွံ့ဖြိုးရေး စီမံကိန်းတွေ ရေးဆွဲတာ၊ သဘောတူပြီးတဲ့ တိုင်း လုပ်ငန်းစီမံကိန်းတွေကို တိုင်းအစိုးရကတဆင့် လွှတ်တော်ကို တင်ပြတာတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

adv_banner