ႏိုင္ငံပိုင္စက္႐ံုေတြကို Solar Power Plant သံုးလွ်ပ္စစ္ထုတ္ၿပီး ဓာတ္အားေပးဖို႔ ျပင္

စက္မႈဝန္ႀကီး ဌာနရွိ ႏိုင္ငံပိုင္ စက္႐ုံမ်ားမွာ Solar Power Plant သံုးလွ်ပ္စစ္ထုတ္ျပီး လွ်ပ္စစ္ဓာတ္အားေပးဖို႔ ျမန္မာစက္မွု၀န္ၾကီးဌာနနဲ႔ ေနာ္ေ၀ ကုမၸဏီတို႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကပါတယ္။

ပထမေျခလွမ္းအျဖစ္ Solar Power Plant သံုးလွ်ပ္စစ္ထုတ္ျပီး သထံုစက္မွုဇုန္ကို လွ်ပ္စစ္ဓာတ္အားေပးဖို႔ ျမန္မာစက္မွု၀န္ၾကီးဌာနနဲ႔ ေနာ္ေဝႏိုင္ငံ၊ Energeia Asset Management ကုမၸဏီတို႔ နားလည္မႈ စာခၽြန္လႊာတရပ္ကို ေအာက္တိုဘာ ၁၀ရက္မွာ လက္မွတ္ထိုးခဲ့ၾကပါတယ္။

နားလည္မႈ စာခၽြန္လႊာအရ စီမံကိန္း ပထမအဆင့္ အေနနဲ႔ Energeia Asset Management (EAM) ကုမၸဏီဟာ သထုံစက္မႈ နယ္ေျမမွာ 28.6 MW Solar Power Plant ကို၂၀၁၈ ၾသဂုတ္လမွာ စတင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မွာျဖစ္တယ္လို႔ အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။

28.6 MW Solar Power Plant ကို သထုံစက္မႈနယ္ေျမရွိ စက္႐ုံမ်ားအတြက္ အဓိကရည္႐ြယ္ တည္ေဆာက္ျခင္း ျဖစ္ၿပီးစီမံကိန္း ၿပီးစီးပါက တႏွစ္ လၽွပ္စစ္ဓါတ္အား ၄၂.၆ ဂစ္ဂါဝပ္နာရီ ထုတ္လုပ္ေပးႏိုင္မွာ ျဖစ္ပါတယ္။

အလားတူ Solar Power Plant စီမံကိန္းမ်ားကို စက္မႈဝန္ႀကီး ဌာနရွိ ႏိုင္ငံပိုင္ စက္႐ုံ(၁၀) ႐ုံမွာလည္း ဆက္လက္ တည္ေဆာက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြား မွာ ျဖစ္ပါတယ္။
………………. ။ ။ ………………..

နိုင်ငံပိုင်စက်ရုံတွေကို Solar Power Plant သုံးလျှပ်စစ်ထုတ်ပြီး ဓာတ်အားပေးဖို့ ပြင်

စက်မှုဝန်ကြီး ဌာနရှိ နိုင်ငံပိုင် စက်ရုံများမှာ Solar Power Plant သုံးလျှပ်စစ်ထုတ်ပြီး လျှပ်စစ်ဓာတ်အားပေးဖို့ မြန်မာစက်မှုဝန်ကြီးဌာနနဲ့ နော်ဝေ ကုမ္ပဏီတို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။
ပထမခြေလှမ်းအဖြစ် Solar Power Plant သုံးလျှပ်စစ်ထုတ်ပြီး သထုံစက်မှုဇုန်ကို လျှပ်စစ်ဓာတ်အားပေးဖို့ မြန်မာစက်မှုဝန်ကြီးဌာနနဲ့ နော်ဝေနိုင်ငံ၊ Energeia Asset Management ကုမ္ပဏီတို့ နားလည်မှု စာချွန်လွှာတရပ်ကို အောက်တိုဘာ ၁၀ရက်မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။
နားလည်မှု စာချွန်လွှာအရ စီမံကိန်း ပထမအဆင့် အနေနဲ့ Energeia Asset Management (EAM) ကုမ္ပဏီဟာ သထုံစက်မှု နယ်မြေမှာ 28.6 MW Solar Power Plant ကို၂၀၁၈ သြဂုတ်လမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
28.6 MW Solar Power Plant ကို သထုံစက်မှုနယ်မြေရှိ စက်ရုံများအတွက် အဓိကရည်ရွယ် တည်ဆောက်ခြင်း ဖြစ်ပြီးစီမံကိန်း ပြီးစီးပါက တနှစ် လျှပ်စစ်ဓါတ်အား ၄၂.၆ ဂစ်ဂါဝပ်နာရီ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အလားတူ Solar Power Plant စီမံကိန်းများကို စက်မှုဝန်ကြီး ဌာနရှိ နိုင်ငံပိုင် စက်ရုံ(၁၀) ရုံမှာလည်း ဆက်လက် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။

adv_banner