?bph6

Place your ads here!




…………………… ။ ။ ………………………..

ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အုန်းတောကြီးမြောက် ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးဆီကနေ ကျပ် ၅၇ သိန်းကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့ပါတယ်။

အုန်းတောကြီးမြောက် ဘင်္ဂါလီ ဒုက္ခသည်စခန်းနေ ဖာတေမာခါတူရဲ့ အခန်းကို အောက်တိုဘာ ၉ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သတင်းအရ ဝင်ရောက် ရှာဖွေရာမှာ နေအိမ်အောက် မြေကျင်းထဲကနေ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၂ သောင်း ၈ ထောင်ကျော် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဖာတေမာခါတူကို စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

adv_banner