?bph6

Place your ads here!




………………………… ။ ။ ……………………….

မြန်မာနိုင်ငံ သမိုင်း အလှည့်အပြောင်းနဲ့ ကြုံနေတယ်လို့ ကာဒီနယ် ချားလ်စ်မောင်ဘို ပြော

မြန်မာပြည်ဟာ သမိုင်းအလှည့်အပြောင်းတစ်ခုနဲ့ ရင်ဆိုင်နေရကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်အောက်မှာ ရှိနေကြောင်း ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာ ရဟန်းအမတ် ကာဒီနယ်ချားလ်စ်မောင်ဘိုက ပြောပါတယ်။

ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းမှာ မနေ့က အောက်တိုဘာ ၁၀ ရက်မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ အခမ်းအနားမှာ ပြောသွားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသော လမ်းစဉ်ဖြစ်တယ်၊ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ကျွန်တော်တို့ နောင်လာနောက်သား ကလေးသူငယ်များ ခံစားရမှာ ဖြစ်တယ်လို့ ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောပါတယ်။

adv_banner