?bph6

Place your ads here!

အပစ္ရပ္တပ္ဖြဲ႕ေတြ NCA ျပန္သံုးသပ္စည္းေ၀း

အပစ္ရပ္တပ္ဖြဲ႔ ၈ ခုရဲ႕NCA အေကာင္ထည္ေဖာ္မႈဆိုင္ရာ ျပန္လည္သုံးသပ္တဲ့ အစည္းေ၀းတရပ္ကို ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့ၿပီး ၂ ႏွစ္တာ ကာလ အတြင္း NCA လုပ္ငန္းစဥ္ေတြရဲ႕ အားနည္းခ်က္ အားသာခ်က္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ေအာက္တိုဘာ ၉ ရက္နဲ႔ ၁၀ ရက္ ႏွစ္ရက္တာ အစည္းအေ၀းကေန NCA ၂ ႏွစ္ျပည့္ အခမ္းအနားကို အပစ္မရပ္ေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လ်န္ေရးတပ္ဖြဲ႔အားလံုးကို ဖိတ္ၾကားဖို႔ ဆံုးျဖတ္ခဲ့ၾက တယ္လို႔လည္း တပ္ဖြဲ႔ေခါင္းေဆာင္တဦးက ေျပာပါတယ္။

ေအာက္တိုဘာ ၁၅ ရက္ NCA ၂ႏွစ္ျပည့္ အခန္းအနားကို ႏိုင္ငံေတာ္အဆင့္က်င္းပျပဳလုပ္မွာ ျဖစ္ျပီး အပစ္မရပ္တပ္ဖြဲ႔ေတြ အပါအ၀င္ အရင္ ဦးသိန္းစိန္အစိုးရလက္ထက္ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ပါ၀င္ခဲ့ၾကသူေတြကိုလည္း ဖိတ္ၾကားထားပါတယ္။(
……………………… ။ ။ ……………………..

အပစ်ရပ်တပ်ဖွဲ့တွေ NCA ပြန်သုံးသပ်စည်းဝေး
အပစ်ရပ်တပ်ဖွဲ့ ၈ ခုရဲ့NCA အကောင်ထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်တဲ့ အစည်းဝေးတရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ၂ နှစ်တာ ကာလ အတွင်း NCA လုပ်ငန်းစဉ်တွေရဲ့ အားနည်းချက် အားသာချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်တာ အစည်းအဝေးကနေ NCA ၂ နှစ်ပြည့် အခမ်းအနားကို အပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လျန်ရေးတပ်ဖွဲ့အားလုံးကို ဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့ကြ တယ်လို့လည်း တပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက် NCA ၂နှစ်ပြည့် အခန်းအနားကို နိုင်ငံတော်အဆင့်ကျင်းပပြုလုပ်မှာ ဖြစ်ပြီး အပစ်မရပ်တပ်ဖွဲ့တွေ အပါအဝင် အရင် ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ကြသူတွေကိုလည်း ဖိတ်ကြားထားပါတယ်။(

adv_banner