?bph6

Place your ads here!

အတားအဆီးမရွိတဲ့ ဂိတ္ေတြကေန အၾကမ္းဖက္သမားေတြ ၀င္လာႏိုင္လို႔ ဒုသမၼတ ေျပာ

ျပည္တြင္းကို အတားအဆီး မရွိတဲ့ ၀င္ေပါက္မ်ားကေန အၾကမ္းဖက္နဲ႔ ဆက္စပ္ေနတဲ့ Terrorist မ်ားဝင္ေရာက္လာႏိုင္တာေၾကာင့္ လုံၿခဳံေရး အထူးဂရုစုိက္ဖို႔ ႏိုင္ငံျခားသားမ်ား ႀကီးၾကပ္ ေစာင့္ေရွာက္ေရးဗဟုိေကာ္မတီဥကၠ႒ ဒုတိယသမၼတ ဦးျမင့္ေဆြက ေျပာပါတယ္။

ေနျပည္ေတာ္မွာ ေအာက္တုိဘာ ၁၀ရက္ကလုပ္ခဲ့တဲ့ႏိုင္ငံျခားသားမ်ား ႀကီးၾကပ္ေစာင့္ေရွာက္ေရး ဗဟုိေကာ္မတီ ဒုတိယအႀကိမ္ လုပ္ငန္းညိႇႏႈိင္း အစည္းအေ၀းမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္ေျမာက္ပုိင္း ေမာင္ေတာ၊ ဘူးသီးေတာင္ အၾကမ္းဖက္မႈ ျဖစ္စဥ္မ်ားေၾကာင့္ ခရီးသြား လုပ္ငန္းမ်ား ထိခိုက္ႏိုင္တယ္လို႔လည္း ဒုတိယသမၼတက ေျပာပါတယ္။

အျပည္ျပည္ဆိုင္ရာ ၀င္၊ ထြက္ ဂိတ္မ်ားအေနနဲ႔ ရန္ကုန္အျပည္ျပည္ ဆိုင္ရာ ေလဆိပ္၊ မႏၱေလး အျပည္ျပည္ဆိုင္ရာ ေလဆိပ္၊ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္နဲ႔ ရန္ကုန္အျပည္ ျပည္ဆိုင္ရာ ဆိပ္ကမ္း (သီလ၀ါ) စတဲ့ ဂိတ္ ၄ ခု ရွိျပီး နယ္စပ္ ဂိတ္ စုစုေပါင္း ၂၃ ဂိတ္ ရွိပါ တယ္။
………………….. ။ ။ ……………………

အတားအဆီးမရှိတဲ့ဂိတ်တွေကနေ အကြမ်းဖက်သမားတွေ ဝင်လာနိုင်လို့ ဒုသမ္မတ ပြော

ပြည်တွင်းကို အတားအဆီး မရှိတဲ့ ဝင်ပေါက်များကနေ အကြမ်းဖက်နဲ့ ဆက်စပ်နေတဲ့ Terrorist များဝင်ရောက်လာနိုင်တာကြောင့် လုံခြုံရေး အထူးဂရုစိုက်ဖို့ နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

နေပြည်တော်မှာ အောက်တိုဘာ ၁၀ရက်ကလုပ်ခဲ့တဲ့နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ခရီးသွား လုပ်ငန်းများ ထိခိုက်နိုင်တယ်လို့လည်း ဒုတိယသမ္မတက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက် ဂိတ်များအနေနဲ့ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန်အပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ) စတဲ့ ဂိတ် ၄ ခု ရှိပြီး နယ်စပ် ဂိတ် စုစုပေါင်း ၂၃ ဂိတ် ရှိပါ တယ်။

adv_banner