?bph6

Place your ads here!

အာဆီယံအားကစားကို ဂ်ပန္ကူညီမယ္

၂၀၁၆-၂၀၂၀ အာဆီယံႏိုင္ငံမ်ား အားကစားဆိုင္ရာ လုပ္ငန္းစီမံခ်က္မ်ားကို ဂ်ပန္ႏိုင္ငံက ပူးေပါင္းပါဝင္ ကူညီေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ၾကီးဌာနက သတင္း ထုတ္ျပန္ပါတယ္။

ေနျပည္ေတာ္မွာ ေအာက္တိုဘာ ၁၀ ရက္က လုပ္ခဲ့တဲ့ အာဆီယံႏိုင္ငံမ်ား အားကစား အဆင့္ျမင့္ အရာရွိႀကီးမ်ားနဲ႔ ဂ်ပန္ႏိုင္ငံ အားကစားအဆင့္ အရာရွိႀကီးမ်ား တို႔ရဲ႕ ၫွိႏႈိင္းအစည္း အေဝးမွာ ေဆြးေႏြးဆံုးျဖတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

အာဆီယံ ဂ်ပန္အားကစား ဆိုင္ရာ လုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာမွာ ပုဂၢလိက အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံအတြင္းရွိ ျပည္သူမ်ား လက္ေတြ႕က်က် ပါဝင္လာႏိုင္ဖို႔။

အာဆီယံဂ်ပန္ အားကစားဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ လုပ္ကိုင္လ်က္ ရွိေသာ လုပ္ငန္း မ်ားအား ျပန္လည္ေဆြးေႏြး သုံးသပ္ဖို႔ ၊ အာဆီယံႏိုင္ငံအတြင္းရွိ အမ်ိဳး သမီး ငယ္မ်ား အားကစားက႑မွာ ပိုမိုပါဝင္ လာႏိုင္ေရးအတြက္ အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ႏိုင္ဖို႔ စတဲ့ လုပ္ငန္းမ်ားနဲ႔ပတ္သက္ျပီးေတာ့ လည္း ေဆြးေႏြးခဲ့ၾကပါတယ္။
…………………….. ။ ။ ………………………

အာဆီယံအားကစားကို ဂျပန်ကူညီမယ်

၂၀၁၆-၂၀၂၀ အာဆီယံနိုင်ငံများ အားကစားဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဂျပန်နိုင်ငံက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန် ပါတယ်။

နေပြည်တော်မှာ အောက်တိုဘာ ၁၀ ရက်က လုပ်ခဲ့တဲ့ အာဆီယံနိုင်ငံများ အားကစား အဆင့်မြင့် အရာရှိကြီးများနဲ့ ဂျပန်နိုင်ငံ အားကစားအဆင့် အရာရှိကြီးများ တို့ရဲ့ ညှိနှိုင်းအစည်း အဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဆီယံ ဂျပန်အားကစား ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ နိုင်ငံအတွင်းရှိ ပြည်သူများ လက်တွေ့ကျကျ ပါဝင်လာနိုင်ဖို့။

အာဆီယံဂျပန် အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်လျက် ရှိသော လုပ်ငန်း များအား ပြန်လည်ဆွေးနွေး သုံးသပ်ဖို့ ၊ အာဆီယံနိုင်ငံအတွင်းရှိ အမျိုး သမီး ငယ်များ အားကစားကဏ္ဍမှာ ပိုမိုပါဝင် လာနိုင်ရေးအတွက် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ဖို့ စတဲ့ လုပ်ငန်းများနဲ့ပတ်သက်ပြီးတော့ လည်း ဆွေးနွေးခဲ့ကြပါတယ်။

adv_banner