?bph6

Place your ads here!

ျမန္မာႏိုင္ငံမွာ အမွန္တကယ္ေနခဲ့သူေတြကိုပဲ ျပန္လက္ခံမယ္လို႔ အစိုးရ ဆံုးျဖတ္

ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ထြက္ခြာသြားတဲ့ ဘဂၤါလီ အေရအတြက္သိန္းခ်ီရွိေပမယ့္ ျမန္မာႏိုင္ငံမွာ အမွန္တကယ္ ေနထိုင္ခဲ့ၾကသူမ်ားကိုသာ စိစစ္လက္ခံဖို႔ အစိုးရက ဆံုးျဖတ္ထားေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ေျပာပါတယ္။

ေအာက္တိုဘာ ၁၀ ရက္ ရခိုင္ခရီးစဥ္အတြင္း သံတမန္ေတြကို ေျပာခဲ့တာျဖစ္ျပီး တစ္ဖက္ႏိုင္ငံသို႔ သြား ေရာက္ေနသူမ်ားအား ၁၉၉၂-၁၉၉၃ ခုႏွစ္ ႏွစ္ဖက္ႏိုင္ငံျခားေရးဝန္ႀကီး မ်ားရဲ႕ သေဘာတူညီ ခ်က္မ်ားအတိုင္း ျပန္လည္လက္ခံမယ္လို႔လည္း ေျပာပါတယ္။

ျပန္လည္ဝင္ေရာက္လာသူမ်ားကို စိစစ္လက္ခံရာမွာလည္း အရင္စနစ္တက်စီစဥ္ထားတဲ့ သေဘာ တူညီခ်က္မ်ားအတိုင္း ျပန္လည္လက္ခံဖို႔ ႏိုင္ငံေတာ္က ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ရွိ ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏိႈင္းေရးအဖြဲ႔အဆိုအရ ဘဂၤလားေဒ့ရွ္မွာ ျမန္မာႏိုင္ငံကထြက္ေျပးလာတဲ့ ဘဂၤလီ ငါးသိန္းေက်ာ္ရွိျပီး ေအာက္တိုဘာ ၉ ရက္ တနလၤာ တရက္တည္းမွာတင္ ဘဂၤါလီ တေသာင္းေက်ာ္ ထပ္မံေရာက္ရွိလာခဲ့ပါတယ္။
………………. ။ ။ …………………

မြန်မာနိုင်ငံမှာ အမှန်တကယ်နေခဲ့သူတွေကိုပဲ ပြန်လက်ခံမယ်လို့ အစိုးရ ဆုံးဖြတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားတဲ့ ဘင်္ဂါလီ အရေအတွက်သိန်းချီရှိပေမယ့် မြန်မာနိုင်ငံမှာ အမှန် တကယ် နေထိုင်ခဲ့ကြသူများကိုသာ စိစစ်လက်ခံဖို့ အစိုးရက ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက် ရခိုင်ခရီးစဉ်အတွင်း သံတမန်တွေကို ပြောခဲ့တာဖြစ်ပြီး တစ်ဖက်နိုင်ငံသို့ သွား ရောက်နေသူများအား ၁၉၉၂-၁၉၉၃ ခုနှစ် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီး များရဲ့ သဘောတူညီ ချက်များအတိုင်း ပြန်လည်လက်ခံမယ်လို့လည်း ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာသူများကို စိစစ်လက်ခံရာမှာလည်း အရင်စနစ်တကျစီစဉ်ထားတဲ့ သဘော တူညီချက်များအတိုင်း ပြန်လည်လက်ခံဖို့ နိုင်ငံတော်က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့အဆိုအရ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ဘင်္ဂလီ ငါးသိန်းကျော်ရှိပြီး အောက်တိုဘာ ၉ ရက် တနင်္လာ တရက်တည်းမှာတင် ဘင်္ဂါလီ တသောင်းကျော် ထပ်မံရောက်ရှိလာခဲ့ပါတယ်။

adv_banner