Multi Level Marketing ကို အထူးသတိျပဳေရွာင္ၾကဖို႔ အစိုးရ အသိေပး

0
168

ဆင့္ပြားေစ်းကြက္ပံုစံနဲ႔ မက္လံုးေပးမႈ Multi Level Marketing MLM ကို အထူးသတိျပဳေရွာင္ရွားၾကဖို႔၊ စီမံကိန္းနဲ႔ ဘဏာေရး၀န္ၾကီးဌာန၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ေၾကညာခ်က္ထုတ္ျပန္ အသိေပးလိုက္ပါတယ္။

ဗဟိုဘဏ္ ေၾကညာခ်က္ထဲမွာ ေငြေၾကး၀န္ေဆာင္မႈဆိုင္ရာ လုပ္ငန္းလုပ္ကိုင္ခြင့္ရွိတဲ့ ဘဏ္ေတြ လုပ္ငန္းေတြကိုလည္း ေဖာ္ျပထားျပီး ျပည္သူေတြအေနနဲ႔ ေငြေၾကးလုပ္ငန္းလုပ္ေဆာင္ခြင့္မရွိတဲ့ ေငြေၾကးကုမၸဏီနဲ႔ ဆက္သြယ္လုပ္ေဆာင္တာမ်ိဳး မလုပ္ၾကဖို႔ အသိေပးႏွိုးေဆာ္ထားပါတယ္။

အတိုးႏွုန္းျမင့္မားစြာေပးေနမွုမ်ား၊ အစုရွယ္ယာအေပၚ အျမတ္ေ၀စုမ်ား မ်ားျပားစြာ ခြဲေ၀ေပးေနမွုမ်ား၊ ဆင့္ပြားေစ်းကြက္ပံုစံနဲ႔ မက္လံုးေပးမွု Multi Level Marketing MLM ကို အထူးသတိျပဳေရွာင္ရွား ၾကပါလို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။
…………………… ။ ။ ……………………..

Multi Level Marketingကို အထူးသတိပြုရှောင်ကြဖို့ အစိုးရ အသိပေး

ဆင့်ပွားဈေးကွက်ပုံစံနဲ့ မက်လုံးပေးမှု Multi Level Marketing MLM ကို အထူးသတိပြုရှောင်ရှားကြဖို့၊ စီမံကိန်းနဲ့ ဘဏာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန် အသိပေးလိုက်ပါတယ်။

ဗဟိုဘဏ် ကြေညာချက်ထဲမှာ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခွင့်ရှိတဲ့ ဘဏ်တွေ လုပ်ငန်းတွေကိုလည်း ဖော်ပြထားပြီး ပြည်သူတွေအနေနဲ့ ငွေကြေးလုပ်ငန်းလုပ်ဆောင်ခွင့်မရှိတဲ့ ငွေကြေးကုန်မဏိနဲ့ ဆက်သွယ်လုပ်ဆောင်တာမျိုး မလုပ်ကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

အတိုးနှုန်းမြင့်မားစွာပေးနေမှုများ၊ အစုရှယ်ယာအပေါ် အမြတ်ဝေစုများ များပြားစွာ ခွဲဝေပေးနေမှုများ၊ ဆင့်ပွားဈေးကွက်ပုံစံနဲ့ မက်လုံးပေးမှု Multi Level Marketing MLM ကို အထူးသတိပြုရှောင်ရှား ကြပါလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။(USA)

?bph6