?bph6

Place your ads here!

လႊတ္ေတာ္ လံုၿခံဳေရးၾကပ္မတ္ဖို႔ ဥကၠ႒ႏွစ္ဦးစလံုး ေျပာ

ေအာက္တိုဘာ ၁၇ ရက္မွာ ျပန္လည္က်င္းပေတာ့မယ့္ လႊတ္ေတာ္အသီးသီးမွာ အေျခအေန အခ်ိန္အခါအရ လံုျခံဳေရးပိုင္းကို အထူးၾကပ္မတ္ လုပ္ေဆာင္ဖို႔ လႊတ္ေတာ္ ဥကၠ႒ႏွစ္ဦးစလံုးက ေျပာပါတယ္။

ေအာက္တိုဘာ ၁၀ ရက္က ျပဳလုပ္ခဲ့တဲ့ ဒုတိယအႀကိမ္ လႊတ္ေတာ္အသီးသီးရဲ႕ ဆ႒မပုံမွန္ အစည္းအေဝးမ်ား ေအာင္ျမင္စြာ က်င္းပႏိုင္ေရး ဗဟိုေကာ္မတီနဲ႔ လုပ္ငန္းေကာ္မတီ မ်ားရဲ႔ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးမွာ လႊတ္ေတာ္ ဥကၠ႒ေတြျဖစ္တဲ့ မန္းဝင္းခိုင္သန္းနဲ႔ ဦး၀င္းျမင့္တို႔က ေျပာခဲ့တာ ျဖစ္ပါတယ္။

ျပန္လည္က်င္းပမယ့္ လႊတ္ေတာ္အစည္းအေဝးမ်ားမွာ ၂၀၁၇-၂၀၁၈ခု၊ ဘ႑ာေရးႏွစ္ ျပည္ေထာင္စုရဲ႔ ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသုံးစြဲျခင္းဆိုင္ရာ ဥပေဒၾကမ္းကို အတည္ျပဳျပ႒ာန္းႏိုင္ေရး ေဆြးေႏြး ဆံုးျဖတ္ဖို႔ ရွိပါတယ္။

အလားတူ လႊတ္ေတာ္အသီးသီးရွိ ေဆာင္႐ြက္ဆဲဥပေဒၾကမ္းမ်ား အတည္ျပဳျပ႒ာန္းႏိုင္ေရး အပါအဝင္ ဘ႑ာေရးႏွစ္ေျပာင္းလဲသတ္မွတ္ဖို႔လည္း ေဆြးေႏြးဆံုးျဖတ္ၾကဖို႔ ရွိပါတယ္။
………………… ။ ။ …………………….

လွှတ်တော် လုံခြုံရေးကြပ်မတ်ဖို့ ဥက္ကဋ္ဌနှစ်ဦးစလုံး ပြော

အောက်တိုဘာ ၁၇ ရက်မှာ ပြန်လည်ကျင်းပတော့မယ့် လွှတ်တော်အသီးသီးမှာ အခြေအနေ အချိန်အခါအရ လုံခြုံရေးပိုင်းကို အထူးကြပ်မတ်လုပ်ဆောင်ဖို့ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးစလုံးက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်အသီးသီးရဲ့ ဆဋ္ဌမပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ များရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ လွှတ်တော် ဥက္ကဋ္ဌတွေဖြစ်တဲ့ မန်းဝင်းခိုင်သန်းနဲ့ ဦးဝင်းမြင့်တို့က ပြောခဲ့တာ ဖြစ်ပါတယ်။

ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးများမှာ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆွေးနွေး ဆုံးဖြတ်ဖို့ ရှိပါတယ်။

အလားတူ လွှတ်တော်အသီးသီးရှိ ဆောင်ရွက်ဆဲဥပဒေကြမ်းများ အတည်ပြုပြဋ္ဌာန်းနိုင်ရေး အပါအဝင် ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ဖို့လည်း ဆွေးနွေးဆုံးဖြတ်ကြဖို့ ရှိပါတယ်။

adv_banner