?bph6

Place your ads here!

အိမ္နီးခ်င္း ၅ ႏိုင္ငံက သံအမတ္ႀကီးေတြ ရခိုင္မွာ ကြင္းဆင္းေလ့လာ

ဘဂၤလားေဒ့ရွ္၊ အိႏၵိယ စတဲ့ အိမ္နီးခ်င္း ၅ ႏိုင္ငံက သံအမတ္ႀကီးေတြနဲ႔ သံတမန္ေတြ ေအာက္တိုဘာ ၁၀ ရက္က ရခိုင္ျပည္နယ္အတြင္း ကြင္းဆင္း ၾကည့္႐ႈေလ့လာခဲ့ၾကပါတယ္။

ျပည္ေထာင္စုဝန္ႀကီးေတြ ဦးေဆာင္ပါ၀င္တဲ့ ရခိုင္ခရီးစဥ္အတြင္း ေဒသတြင္း အေျခအေနမွန္ကို သိရွိႏိုင္ဖို႔ စီစဥ္သြားေရာက္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ တပ္မေတာ္အေနနဲ႔ နယ္ေျမရွင္းလင္းမႈေတြကို စက္တင္ဘာ ၅ ရက္က စတင္ၿပီး လုံးဝေဆာင္ရြက္ျခင္း မရွိတာကို လက္ေတြ႔ျပသခဲ့ပါတယ္။

ခရီးစဥ္အတြင္း ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက အခုကိစၥဟာ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔အၾကား အခ်င္းခ်င္း ညိႇႏႈိင္းေဆာင္ရြက္ရမယ့္ ကိစၥျဖစ္တယ္လို႔ သံတမန္ေတြကို ေျပာခဲ့ပါတယ္။ ဒီခရီးစဥ္ကို တ႐ုတ္၊ အိႏၵိယ၊ ထိုင္း၊ လာအို၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔က သံအမတ္နဲ႔ သံတမန္ေတြ လိုက္ပါခဲ့ပါတယ္။

……..။ ။…….

အိမ်နီးချင်း ၅ နိုင်ငံက သံအမတ်ကြီးတွေ ရခိုင်မှာ ကွင်းဆင်းလေ့လာ

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်း ၅ နိုင်ငံက သံအမတ်ကြီးတွေနဲ့ သံတမန်တွေ အောက်တိုဘာ ၁၀ ရက်က ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်း ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေ ဦးဆောင်ပါဝင်တဲ့ ရခိုင်ခရီးစဉ်အတွင်း ဒေသတွင်း အခြေအနေမှန်ကို သိရှိနိုင်ဖို့ စီစဉ်သွားရောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ တပ်မတော်အနေနဲ့ နယ်မြေရှင်းလင်းမှုတွေကို စက်တင်ဘာ ၅ ရက်က စတင်ပြီး လုံးဝဆောင်ရွက်ခြင်း မရှိတာကို လက်တွေ့ပြသခဲ့ပါတယ်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အခုကိစ္စဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ သံတမန်တွေကို ပြောခဲ့ပါတယ်။ ဒီခရီးစဉ်ကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က သံအမတ်နဲ့ သံတမန်တွေ လိုက်ပါခဲ့ပါတယ်။

adv_banner