?bph6

Place your ads here!

တိုင်းရင်းသားမီဒီယာတွေကို ဘဏ္ဍာရေးအရ အကူ အညီပေးမယ်လို့ အစိုးရဆို

တိုင်းရင်းသား ဘာသာစကားအပါအ၀င် ပြည်နယ်တွေမှာ ထုတ်ဝေတဲ့ သတင်းမီဒီယာတွေ ဖွံ့ဖြိုးစေဖို့အတွက် ဘဏ္ဍာရေးအရ အကူ အညီပေးရေးကို စတင်ဆွေးနွေးခဲ့ကြပါတယ်။
တိုင်းရင်းသားဒေသတွေမှာ အခြေစိုက် ထုတ်ဝေ၊ ဖြန့်ချီ၊ ထုတ်လွှင့်နေတဲ့ သတင်းမီဒီယာ အသီးသီးနဲ့ သတင်းအချက်အလက်ဖလှယ်ရေး ဆောင်ရွက်နိုင်ဖို့ ပထမဆုံးအနေနဲ့ မဇ္ဈိမမီဒီယာဦးဆောင်တဲ့ BNI အပါအ၀င် တိုင်းရင်းသားမီဒီယာအချို့နဲ့ ပြန့်ကြားရေးဝန်ကြီးဌာနတို့ အောက်တိုဘာလ ၁၃ ရက်နေ့က နေပြည်တော်မှာ စတင် တွေ့ဆုံဆွေးနွေးခဲ့တာပါ။

11214092_839712106142393_7716445400766234947_n

” တကယ်တော့ ကျနော်တို့ကို ခေါ်ပြီးတွေ့ရတဲ့အကြောင်းက တိုင်းရင်းသားဘာသာနဲ့ ရေးသားထုတ်ဝေ သတင်းဂျာနယ်တွေ၊ သတင်းမီဒီယာကို ဘဏ္ဍာရေးအရကူညီထောက်ပံမယ်၊ ဘယ်လိုမျိုးလဲဆိုတော့ ပြန်ကြားရေးကထုတ်နေတဲ့ မြန်မာ့အလင်း၊ ကြေးမုံတို့မှာ ဖော်ပြခဲ့ သတင်းတချို့ကို ကျနော်တို့ သတင်းမီဒီယာတွေဖော်ပြပေးဖို့ပေါ့” လို့ ကမ္ဘောဇတိုင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးမိုးမင်းသိမ်းက MCN ကိုပြောပါတယ်။
ပြန့်ကြားရေးဝန်ကြီးဌာနအနေနဲ့ကတော့ သတင်းအချက်အလက် ဖလှယ်ရေးဆောင်ရွက်ရာမှာ လိုက်နာဆောင်ရွက်ရမယ့် အခြေခံမူတွေ၊ စံနှုန်းတွေကို သတ်မှတ်နိုင်ရေးကို ဆွေးနွေးခဲ့ကြတာပါ။
” အရင်တုံးကလို စာပေစီစစ်ရေးက ဟိုဆောင်းပါးထည့်ပါ၊ ဒီသတင်းဆောင်းပါးထည့်ပါနဲ့ ဆိုရင်၊ ကျနော်တို့ အယ်ဒီတာအာဘော်အရ မဖြစ်နိုင်တဲ့ သတင်းတွေ ဆောင်းပါးတွေဆိုရင်တော့ စဉ်းစားရမှာပဲ၊ ကျနော်တို့ ဂျာနယ်မှာ ဖော်ပြတဲ့ သတင်းတွေကိုလည်း ပြန်ကြားရေးကလဲယူသုံးမယ်၊ ကျနော်တို့ကလည်း မြန်မာ့အလင်းတို့ ကြေးမုံတို့မှာ ဖော်ပြထားတဲ့ သတင်းတွေကို ကျနော်တို့ အာဘော်နဲ့ ပြန်ဖော်ပြရမယ်ဆိုရင်တော့ ကောင်းတာပေါ့” လို့ ရှမ်းပြည်နယ်တောင်ကြီးမြို့အခြေဆိုက် ကမ္ဘောဇတိုင်းဂျာနယ်မှ ဦးမိုးမင်းသိမ်းပြောပါတယ်။

အဲဒီတွေဆုံပွဲကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ MRTV၊ မဇ္ဈိမမီဒီယာ၊ BNI၊ ကမ္ဘောဇတိုင်းသတင်းဂျာနယ်၊ တနင်္သာရီအပတ်စဉ်၊ သံလွင်တိုင်းမ်၊ ကန္တာရဝတီတိုင်းမ်၊ ပဲခူးအသံနဲ့ Development News တို့ တက်ရောက်ခဲ့ကြပါတယ်။

adv_banner