ကေလးၿမိဳ႕ ကမ္းပါးၿပိဳလို႔ ထြက္လာတဲ့ အုတ္႐ိုးတန္း စနစ္တက် ေလ့လာ

0
163

ကေလးၿမိဳ႕နယ္မွာ ေရတုိက္ စားမႈေၾကာင့္ေပၚထြက္လာတဲ့ အုတ္႐ိုးတန္းဟာ ေရွးေဟာင္း ဘုရားေစတီတစ္ဆူရဲ႕ ေအာက္ေျခအုတ္ဖိနပ္ေတာ္ ျဖစ္ႏိုင္တယ္လို႔ သံုးသပ္ထားျပီး စနစ္တက် တူးေဖာ္ ေလ့လာသြားမွာ ျဖစ္ပါတယ္။

စစ္ကုိင္းတုိင္းေဒသႀကီး ကေလးၿမိဳ႕နယ္ ေတာင္ဦးေက်းရြာမွာ စက္တင္ဘာ ၁၃ ရက္က မုိးရြာသြန္းမႈမ်ားျပားျပီး ျမစ္သာျမစ္ေရ တုိက္စားမႈေၾကာင့္ ကမ္းၿပိဳက်ရာကေန အုတ္႐ိုးတန္းတခု ေပၚထြက္ခဲ့တာ ျဖစ္ပါတယ္။

အုတ္တန္းအနီးမွာ ေရသြန္းကရား ႏႈတ္ခမ္းမ်ားနဲ႔ အုိးပဲ့အပုိင္းအစမ်ားလည္း ေတြ႔ရွိထားျပီး အဲ့ဒီအပုိင္းအစေတြဟာ အင္းဝေခတ္ကလို႔ ယူဆထားသလို အုတ္တန္းဟာလည္း လြန္ခဲ့တဲ့ႏွစ္ ၇ဝဝနဲ႔ ၁ဝဝဝ အၾကား တည္ေဆာက္ခဲ့တဲ့ ဘုရားေစတီတစ္ဆူရဲ႕ ေအာက္ေျခအုတ္ဖိနပ္ေတာ္ ျဖစ္ႏိုင္တယ္လို႔ ကေလးတကၠသိုလ္ သမုိင္းဌာနကသံုးသပ္ထားတာျဖစ္ပါတယ္။

ျမစ္သာျမစ္ကမ္းနံေဘးမွာ ေပၚေနတဲ့ အုတ္႐ိုးတန္းဟာ အလ်ားေပ ၃ဝ ခန္႔၊ အနံ ၅ ေပခြဲရွိျပီး အုတ္႐ိုးမွာ စီထားတဲ့ အုတ္တခ်ပ္ဟာ အလ်ား ၁၅ လက္မ၊ အနံ ၇ လက္မရွိတယ္လို႔ တိုင္းအစိုးရသတင္းမွာ ေဖာ္ျပပါတယ္။
…………………. ။ ။ …………………..

ကလေးမြို့ ကမ်းပါးပြိုလို့ ထွက်လာတဲ့ အုတ်ရိုးတန်း စနစ်တကျ လေ့လာ

ကလေးမြို့နယ်မှာ ရေတိုက် စားမှုကြောင့်ပေါ်ထွက်လာတဲ့ အုတ်ရိုးတန်းဟာ ရှေးဟောင်း ဘုရားစေတီတစ်ဆူရဲ့ အောက်ခြေအုတ်ဖိနပ်တော် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပြီး စနစ်တကျ တူးဖော် လေ့လာသွားမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တောင်ဦးကျေးရွာမှာ စက်တင်ဘာ ၁၃ ရက်က မိုးရွာသွန်းမှုများပြားပြီး မြစ်သာမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုကျရာကနေ အုတ်ရိုးတန်းတခု ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

အုတ်တန်းအနီးမှာ ရေသွန်းကရား နှုတ်ခမ်းများနဲ့ အိုးပဲ့အပိုင်းအစများလည်း တွေ့ရှိထားပြီး အဲ့ဒီအပိုင်းအစတွေဟာ အင်းဝခေတ်ကလို့ ယူဆထားသလို အုတ်တန်းဟာလည်း လွန်ခဲ့တဲ့နှစ် ၇ဝဝနဲ့ ၁ဝဝဝ အကြား တည်ဆောက်ခဲ့တဲ့ ဘုရားစေတီတစ်ဆူရဲ့ အောက်ခြေအုတ်ဖိနပ်တော် ဖြစ်နိုင်တယ်လို့ ကလေးတက္ကသိုလ် သမိုင်းဌာနကသုံးသပ်ထားတာဖြစ်ပါတယ်။

မြစ်သာမြစ်ကမ်းနံဘေးမှာ ပေါ်နေတဲ့ အုတ်ရိုးတန်းဟာ အလျားပေ ၃ဝ ခန့်၊ အနံ ၅ ပေခွဲရှိပြီး အုတ်ရိုးမှာ စီထားတဲ့ အုတ်တချပ်ဟာ အလျား ၁၅ လက်မ၊ အနံ ၇ လက်မရှိတယ်လို့ တိုင်းအစိုးရသတင်းမှာ ဖော်ပြပါတယ်။