ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ကြံ့ခိုင်ရေးပါတီထောက်ခံခဲ့တယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တာင်သူလယ်သမာဖွံ့ဖြိုးတိုးတက်ရေးပါတီ နှစ်ပါတီက ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းဖို့ ကော်မရှင်ရဲ့ အစီအစဉ်ကို ထောက်ခံခဲ့ကြပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီဝင် နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့ဆုံပြီး သဘောထားရယူတဲ့နေရာမှာ အဲ့ဒီ ၂ ပါတီက ထောက်ခံခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အမျိုးသမီးဒီမိုကရေစီအင်အားစု NDF ပါတီက တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းချက်မှာ နားဆင်နိုင်ကြမှာဖြစ်ပါတယ်။

adv_banner