?bph6

Place your ads here!

အားလုံးမပါတဲ့ NCA စာချုပ်ကြောင့် တိုင်းရင်းသားတွေကြား စိတ်ဝမ်းကွဲမှာ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

မကြာခင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ခုနဲ့ အစိုးရတို့အကြား ရေးထိုးဖို့ရှိနေတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ အပြစ်အခက်ရပ်စဲရေး သဘောတူစာချုပ် NCA ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား စိတ်ဝမ်းမှုဖြစ်ပေါ်မှာကို စိုးရိမ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့တိုင်းဒေသကြီး လှည်းကူးမြို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံပြည်သူတစ်ဦးက မေးမြန်းစဉ် ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

12119044_775296659258955_3567327922403581909_n

ဒီလိုပြောကြားတဲ့နေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲရေးစာချုပ်ကို သက်သေအဖြစ် လက်မှတ်ထိုးရမယ်ဆိုရင် တိုင်းရင်းသားတွေအားလုံး စုံစုံညီညီပါစေချင် ကြောင်းနဲ့ စုံစုံညီညီပါတဲ့ အချိန်မျိုးမှ သက်သေအဖြစ် ပါဝင် သင့်တယ်လို့ ယုံကြည်ကြောင်းနဲ့ အပစ်အခတ်ရပ် စဲရေးဖြစ်နိုင်သလောက်ဖြစ်မြောက်တာကို ကြိုဆိုကြောင်း၊ အပြည့် အဝဖြစ်မြောက်တဲ့ အချိန်အထိ စောင့်ပြီးတော့မှ ပါဝင်ချင်ကြောင်းလည်း ပြောကြားလိုက်တာပါ။

တစ်နိုင်ငံလုံးအပြစ်အခက်ရပ်စဲရေးသဘောတူ စာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ခုနဲ့ အစိုးရတို့ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်ရှိ MICC 2 မှာ လက်မှတ် ရေးထိုးဖို့ ရှိနေကြတာဖြစ်ပါတယ်။

adv_banner