MJA က သတင်းစာဆရာ သက်ကြီးပူဇော်ပွဲကျင်းပမယ်

မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA က ကျင်းပပြုလုပ်မြဲဖြစ်တဲ့ သတင်းစာဆရာသက်ကြီးပူဇော်ပွဲကို ကျင်းပဖို့ ရှိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လာမယ့် နိုဝင်ဘာလ (၂၂) ရက်၊ ရန်ကုန်မြို့ရှိ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ဖို့ ရှိနေတာပါ။

10428701_549025235197319_8133466434367643181_n

ကျင်းပပြုလုပ်ဖို့ရှိနေတဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA ရဲ့ သတင်းစာဆရာသက်ကြီး ပူဇော်ပွဲမှာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ အသက် ၇၅ နှစ် ပြည်ပြီးသူ အနယ်နယ် အရပ်ရပ် သတင်းစာဆရာတွေအနေနဲ့ သန်းခေါင်စာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေကို တင်ပြရမှာဖြစ်ပါတယ်။

ဒါအပြင် အပူဇော်ခံသက်ကြီး သတင်းစာဆရာတွေအနေနဲ့ ရာဇ၀တ်မှုကင်းရှင်းပြီး နိုင်ငံတော်အစိုးရရဲ့ တည်ဆဲဥပဒေတွေကို ဆန့်ကျင်နေထိုင် လုပ်ကိုင်သူတွေ မဖြစ်စေရဘူးလို့လည်း သတ်မှတ်ထားတာပါ။

လက်ရှိအခြေအနေမှာတော့ အရင်နှစ်တွေက အပူဇော်ခံသတင်းစာဆရာကြီးတွေ သက်ရှိထင်ရှား ရှိ/မရှိနဲ့ အသက် ၇၅ နှစ်အထက် သတင်းစာဆရာတွေရဲ့ စာရင်းရရှိရေးဆောင်ရွက်နေတယ်လို့ MJA က သတင်းထုတ်ပြန်ထားပါတယ်။

adv_banner