?bph6

Place your ads here!

NLD ပါတီ အစိုးရအဖွဲ့ကို ပါတီဝင်မဟုတ်တဲ့ ပြင်ပက ပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲအနိုင်ရခဲ့လို့ အစိုးရဖွဲ့နိုင်ရင် ပါတီဝင်မဟုတ်တဲ့ ပြင်ပက ပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊  လှည်းကူးမြို့နယ်ရှိ ဖောင်ကြီးမှာပြုလုပ်တဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမိန့်ခွန်းထဲ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားလိုက်တာပါ။

12119044_775296659258955_3567327922403581909_n

ဒီလို ပြောကြားတဲ့နရာမှာတော့ NLD ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်နဲ့ တခြားပြင်ပက ပညာရှင်တစ်ယောက် အဲ့ဒီ နှစ်ယောက်တည်းက ပြင်ပ ပညာရှင်က နိုင်ငံကို ပိုအကျိုးပြုနိုင်တယ်ဆို ပြင်ပက ပညာရှင်ကိုပဲ သုံးမယ့်အပြင် ကိုယ့်လူကို အားပေးတဲ့အနေနဲ့ ကိုယ့်လူကို ဆုပေးတဲ့ အလုပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့လည်း ပြောကြားလိုက်တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးမှုတွေကို NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မဲဆန္ဒနယ်မြေတွေ အလိုက် မဲဆွယ်စည်းရုံး ဟောပြောမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

adv_banner