ဗြိတိသျှကောင်စီစာကြည့်တိုက်ရဲ့ စာဖတ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်

ရန်ကုန်မြို့အခြေစိုက် ဗြိတိသျှကောင်စီစာကြည့်တိုက်က ကလေးငယ်တွေအနေနဲ့ စာဖတ်တဲ့ အလေ့အကျင့် ရှိလာစေဖို့ ပြုစုပျိုးထောင်မှု တစ်ခုအနေနဲ့ ကလေးတွေအတွက် စာဖတ်ပြိုင်ပွဲ Reading Challenge ကို ကျင်းပဖို့ရှိနေပါတယ်။

ဗြိတိသျှကောင်စီစာကြည့်တိုက်ရဲ့ စာဖတ်ပြိုင်ပွဲ Reading Challenge ကို အောက်တိုဘာလ ၂ ရက်နေ့ကတည်းက စတင်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ကျင်းပနေတာပါ။

ဒီစာဖတ်ပြိုင်ပွဲ Reading Challenge ကို ဗြိတိသျှကောင်စီစာကြည့်တိုက် အသင်းဝင်ကလေးတွေအပြင် အသင်းဝင် မဟုတ်တဲ့ ကလေးတွေလည်း အသင်းဝင်ပြီး ပါဝင် ယှဉ်ပြိုင်နိုင်တယ်လို့ ဗြိတိသျှကောင်စီက ဖိတ်ခေါ်ထားပါတယ်။
12107121_10153724984393856_1541155756767794716_n

ပြိုင်ပွဲကလေးတွေအနေနဲ့ စာကြည့်တိုက်ရှိ Knowledge Garden မှာ ပြသထားတဲ့ Record Breakers စာအုပ်တွေက ရွေးချယ်ပြီး အနည်းဆုံး ၆ အုပ် ပြည့်အောင် ဖတ်ရှု့ရမှာဖြစ်ပါတယ်။ ဒီစာအုပ်တွေထဲက နှစ်သက်ရာ စာအုပ်တစ်အုပ်ကို ရွေးချယ်ပြီး အကျဉ်းချုပ်ရေးကာ စာအုပ်ထဲမှာ ပါဝင်တဲ့ မိမိနှစ်သက်တဲ့ ဇာတ်ကောင်ကို ပုံတူရေးပြီး ယှဉ်ပြိုင်ကြရမှာပါ။

ဒီပြိုင်ပွဲရဲ့ ဆုပေးပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ ပထမပတ်ထဲမှာ ကျင်းပပြုလုပ်ဖို့ရှိနေတယ်လို့ ဗြိတိသျှကောင်စီစာကြည့်တိုက်က သတင်းထုတ်ပြန်ထားတာပါ။

ဒီစာဖတ်ပြိုင်ပွဲကို ယူကေနိုင်ငံမှာ နွေရာသီကျောင်းပိတ်ချိန်တွေတိုင်း မြို့နယ်ရပ်ကွက်တွေရှိ စာကြည့်တိုက်တွေမှာ အသင်းဝင်ကလေးတွေအတွက် ကျင်းပလေ့ရှိတဲ့ ပြိုင်ပွဲ နမူနာကို ယူပြီး ကျင်းပပြုလုပ်ပေးတာဖြစ်ပါတယ်။

adv_banner