ျမန္မာ သတင္းေထာက္ႏွစ္ဦးကို ဘဂၤလားေဒရွ္႕ ျပန္လႊတ္

0
242

ဘဂၤလားေဒရွ္႕အာဏာပိုင္ေတြ ဟာ ျမန္မာႏုိင္ငံသား သတင္း ေထာက္ႏွစ္ဦးကို စက္တင္ဘာ ၂၂ ရက္ေန႔က ျပန္လႊတ္ေပးလုိက္ပါတယ္။

ဂ်ာမနီ မဂၢဇင္းအတြက္အလုပ္လုပ္ေနတဲ့ ျမန္မာႏုိင္ငံသား သတင္းေထာက္ႏွစ္ဦး ကို ဘဂၤလားေဒရွ္႕ တရားရံုးက အာမခံနဲ႔ ျပန္လြတ္ေပးခဲ့တာျဖစ္တယ္လုိ႔ ေရွ႕ေနျဖစ္သူကေျပာပါတယ္။

ျမန္မာႏုိင္ငံသား ဓါတ္ပံုသတင္းေတြျဖစ္တဲ့ မင္းေဇယ်ာဦး နဲ႔ ခြန္လတ္တို႔ ႏွစ္ဦး ဟာ ျမန္မာနဲ႔ ဘဂၤလားေဒရွ္႕ နယ္စပ္ ေကာ့ဘဇာမွာ အခုလအေစာပိုင္းက ဖမ္းဆီးခံခဲ့ရတာပါ။ ဘဂၤလားေဒရွ္႕အာဏာပိုင္ေတြ ဟာ ျမန္မာ သတင္းေထာက္ႏွစ္ဦးကို သူလွ်ိဳ လုပ္တယ္လို႔ သံသယရွိတာေၾကာင့္ဖမ္းဆီးခဲ့တာျဖစ္ၿပီး ဘဂၤလားေဒရွ္႕ရဲ႕ စြပ္စြဲခ်က္ ဟာမွန္ကန္မႈမရွိဘူးလို႔ ျမန္မာ သတင္းေထာက္ႏွစ္ဦးရဲ႕ေရွ႕ေနကေျပာပါတယ္။

အခုအ ခ်ိန္မွာ ျမန္မာ သတင္းေထာက္ႏွစ္ဦးကို အာမခံနဲ႔ ျပန္လြတ္လိုက္ေပမယ့္ ျမန္မာႏုိင္ငံဆီ ျပန္ခြင့္ ျပဳ မျပဳဆုိတာ မသိရေသးပါဘူး၊
………………… ။ ။ …………………..

မြန်မာ သတင်းထောက်နှစ်ဦးကို ဘင်္ဂလားဒေရှ့် ပြန်လွတ်

ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေ ဟာ မြန်မာနိုင်ငံသား သတင်း ထောက်နှစ်ဦးကို စက်တင်ဘာ ၂၂ ရက်နေ့က ပြန်လွတ်ပေးလိုက်ပါတယ်။

ဂျာမနီ မဂ္ဂဇင်းအတွက်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား သတင်းထောက်နှစ်ဦး ကို ဘင်္ဂလားဒေရှ့် တရားရုံးက အာမခံနဲ့ ပြန်လွတ်ပေးခဲ့တာဖြစ်တယ်လို့ ရှေ့နေဖြစ်သူကပြောပါတယ်။

မြန်မာနိုင်ငံသား ဓါတ်ပုံသတင်းတွေဖြစ်တဲ့ မင်းဇေယျာဦး နဲ့ ခွန်လတ်တို့ နှစ်ဦး ဟာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နယ်စပ် ကော့ဘဇာမှာ အခုလအစောပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေ ဟာ မြန်မာ သတင်းထောက်နှစ်ဦးကို သူလျှို လုပ်တယ်လို့ သံသယရှိတာကြောင့်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေရှ့်ရဲ့ စွပ်စွဲချက် ဟာမှန်ကန်မှုမရှိဘူးလို့ မြန်မာ သတင်းထောက်နှစ်ဦးရဲ့ရှေ့နေကပြောပါတယ်။

အခုအ ချိန်မှာ မြန်မာ သတင်းထောက်နှစ်ဦးကို အာမခံနဲ့ ပြန်လွတ်လိုက်ပေမယ့် မြန်မာနိုင်ငံဆီ ပြန်ခွင့် ပြု မပြုဆိုတာ မသိရသေးပါဘူး၊