အေမရိကန္ က ျမန္မာ နဲ႔ စစ္ေရးပူးေပါင္း ေဆာင္ရြက္တာကို ကန္႔သတ္ဖုိ႔ စဥ္စားေန

0
240

အေမရိကန္ႏုိင္ငံဟာ ျမန္မာႏုိင္ငံနဲ႔ စစ္ေရးပူးေပါင္း ေဆာင္ရြက္တာေတြကို ကန္႔သတ္ဖုိ႔ စဥ္စားေနတယ္လုိ႔ အိမ္ျဖဴေတာ္ အရာရွိတစ္ဦးကေျပာပါတယ္။

ရခိုင္ျပည္နယ္မွာျဖစ္ေပၚခဲ့တဲ့ အၾကမ္းဖက္ တုိက္ခိုက္မႈေတြေၾကာင့္ ဘဂၤါလီ သိန္းနဲ႔ခ်ီ ဘဂၤလားေဒရွ္႕ ႏုိင္ငံဆီ ထြက္ေျပးရတဲ့ ဆုိတဲ့ သတင္းေတြထြက္ေပၚလာၿပီးေနာက္္မွာ အခုလိုမ်ိဳးစဥ္းစားေနတာ ျဖစ္တယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။

အေမရိကန္ အစိုးရ အမ်ိဳးသားလံုျခံဳေရးေကာင္စီ ေျပာေရးဆုိခြင့္ရွိသူက အၾကမ္းဖက္တုိက္ခိုက္မႈေတြ ရပ္တံ့ႏုိင္ခ်ိန္အထိ စစ္ေရးေဆာင္ရြက္မႈေတြ၊ ေစ့စပ္ ေဆြးေႏြးတာေတြ ဟာခက္ခဲမႈေတြရွိေနမွာ ျဖစ္တယ္လို႔ေျပာပါတယ္။

ၾသဂုတ္ ၂၅ ရက္ေန႔က အစိုးရလံုုျခံဳေရးတပ္ဖြဲ႔ေတြကို ဘဂၤါလီ အၾကမ္းဖက္အဖြဲ႔အစည္းက တုိက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ အစိုးရလံုျခံဳေရး တပ္ဖြဲ႔ေတြက ျပန္တုိက္ခိုက္မႈေတြရွိခဲ့ပါတယ္။ အေမရိကန္နဲ႔ ျမန္မာႏိုင္ငံၾကား စစ္ေရးပူးေပါင္းေဆာင္ရြက္မႈ ဟာ ရင့္က်က္မႈ မရွိေသးဘူးလို႔လည္း အိမ္ျဖဴေတာ္ ေျပာေရး ဆုိခြင့္ရွိသူကေျပာပါတယ္။
………………. ။ ။ …………………..

အမေရိကန် က မြန်မာ နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တာကို ကန်သတ်ဖို့ စဉ်စားနေ

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တာတွေကို ကန့်သတ်ဖို့ စဉ်စားနေတယ်လို့ အိမ်ဖြူတော် အရာရှိတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မွတ်စလင် သိန်းချီ ဘင်္ဂလားဒေရှ့် နိုင်ငံဆီ ထွက်ပြေးရတဲ့ ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် မှာအခုလိုမျိုးစဉ်းစားနေတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အမေရိကန် အစိုးရ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တံ့နိုင်ချိန်အထိ စစ်ရေးဆောင်ရွက်မှုတွေ၊ စေ့စပ်ဆွေးနွေးတာတွေ ဟာခက်ခဲမှုတွေရှိနေမှာ ဖြစ်တယ်လို့ပြောပါတယ်။

သြဂုတ် ၂၅ ရက်နေ့က အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကို ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့အစည်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ပြန်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဟာ ရင့်ကျက်မှု မရှိသေးဘူးလို့လည်း အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူကပြောပါတယ်။