ျမန္မာႏုိင္ငံရဲ႕ျပည္တြင္းေရးကို ၾကားဝင္မစြက္ဖက္ဖို႔ ရုရွား သတိေပး

ျမန္မာႏုိင္ငံရဲ႕ ျပည္တြင္းေရး ျပသာနာကို ၾကားဝင္စြက္ဖက္မႈကေန ေရွာင္ရွားဖုိ႔ အျခားႏုိင္ငံေတြကို ရုရွား  ႏုိင္ငံ က သတိေပး                လိုက္ပါတယ္။

 ရုရွားႏိုင္ငံျခားေရးဝန္ႀကီး ဌာနေျပာေရးဆုိခြင့္ရွိသူ  မာရီယာ ဇာခါရိုဗာက   ျမန္မာႏုိင္ငံရဲ႕ ဘဂၤလီ အေရး ဟာ ျပည္တြင္းေရး ျပသာနာသာျဖစ္လုိ႔ အျခားႏုိင္ငံေတြ ဟာ ၾကားဝင္စြက္ဖက္မႈေတြမလုပ္ေစလိုဘူးလို႔ ေျပာဆုိခဲ့ပါတယ္။

ရုရွားႏုိင္ငံျခားေရးဝန္ႀကီးေျပာေရးုဆိုခြင့္ရွိသူ က အခ်ဳပ္အျခာ အာဏာပိုင္ႏုိင္ငံတစ္ႏိုင္ငံ ရဲ႕ ျပည္တြင္း ေရး ကို ၾကားဝင္စြက္ဖက္တဲ့        ရည္ရြယ္ခ်က္ ဟာ  ျပည္တြင္းမွာ ဘာသာေရး ပဋိပကၡေတြ သာ ေနာက္ထပ္ပိုမုိျဖစ္လာေစႏုိင္တယ္လို႔လည္း  သတိေပးထားပါတယ္။

ျမန္မာႏုိင္ငံရဲ႕ ျပသာနာေတြကိုေျဖရွင္းဖို႔ အစိုးရ ရဲ႕ ေဆာင္ရြက္ခ်က္ေတြကိုေထာက္ခံ တယ္လို႔လည္း ရုရွားႏုိင္ငံကေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ဖို့ ရုရှား သတိပေး

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ပြသာနာကို ကြားဝင်စွက်ဖက်မှုကနေ ရှောင်ရှားဖို့ အခြားနိုင်ငံတွေကို ရုရှား နိုင်ငံ က သတိပေးလိုက်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက မြန်မာနိုင်ငံရဲ့ ဘင်္ဂလီ အရေး ဟာ ပြည်တွင်းရေး ပြသာနာသာဖြစ်လို့ အခြားနိုင်ငံတွေ ဟာ ကြားဝင်စွက်ဖက်မှုတွေမလုပ်စေလိုဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးပြောရေးုဆိုခွင့်ရှိသူ က အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ ရဲ့ ပြည်တွင်း ရေး ကို ကြားဝင်စွက်ဖက်တဲ့ ရည်ရွယ်ချက် ဟာ ပြည်တွင်းမှာ ဘာသာရေး ပဋိပက္ခတွေ သာ နောက်ထပ်ပိုမိုဖြစ်လာစေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြသာနာတွေကိုဖြေရှင်းဖို့ အစိုးရ ရဲ့ ဆောင်ရွက်ချက်တွေကိုထောက်ခံ တယ်လို့လည်း ရုရှားနိုင်ငံကပြောပါတယ်။

adv_banner