ဘဂၤလားေဒရွ္႕ က ဖမ္းထားတဲ့ ျမန္မာ သတင္းေထာက္ ႏွစ္ဦးျပန္လြတ္ဖုိ႔ ေတာင္းဆုိ

0
17

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားျမိဳ႕နယ္စပ္မွာ အဖမ္းခံရတဲ့  ျမန္မာ သတင္းေထာက္ ႏွစ္ဦးအျမန္ဆံုးျပန္လည္လြတ္ေျမာက္ေရးအတြက္ ျမန္မာဂ်ာနယ္လစ္ကြန္ရက္ ( MJN ) က စက္တင္ဘာ ၁၅ရက္မွာ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။ ေၾကညာခ်က္ထဲမွာ သတင္းအလုပ္ လုပ္ကိုင္ေနတဲ့ သတင္းသမားေတြကို

ဖမ္းဆီးတရားစြဲတာဟာ သတင္းလြတ္လပ္ခြင့္ကို ပိတ္ပင္ရာေရာက္ျပီး ဒီမိုကေရစီ စံႏွုန္း နဲ႔ မကိုက္ညီတဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါအျပင္ သတင္းသမား ႏွစ္ဦး အျမန္ဆံုး ျပန္လည္လြတ္ေျမာက္ေရးအတြက္ ႏိုင္ငံေတာ္ အစိုးရအေနနဲ႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြနဲ႔

ဆက္သြယ္ေဆာင္ရြက္ေပးဖုိ႔ ေမတၱာရပ္ခံထားပါတယ္။ ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔လည္း ျမန္မာသတင္းသမားေတြ အျမန္ဆံုးလြတ္ေျမာက္ႏိုင္ေရး ကူညီေဆာင္ရြက္ေပးဖို႔

ေမတၱာရပ္ခံထားပါတယ္။ ျမန္မာဓာတ္ပုံ သတင္းေထာက္ ႏွစ္ဦးျဖစ္တဲ့  မင္းေဇယ်ာဦး  နဲ႔ ခြန္လတ္တို႔ႏွစ္ဦးကို ဂ်ာမန္မဂၢဇင္း GEO အတြက္ ဘဂၤါလီအေရးကိစၥ နဲ႔ ပတ္သက္လို႔ သူလွ်ိဳလုပ္တယ္လုိ႔ စြပ္စြဲကာ ဘဂၤလားေဒရွ္႕အာဏာပိုင္ေတြကဖမ္းဆီးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေရှ့် က ဖမ်းထားတဲ့ မြန်မာ သတင်းထောက် နှစ်ဦးပြန်လွတ်ဖို့ တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့နယ်စပ်မှာ အဖမ်းခံရတဲ့ မြန်မာ သတင်းထောက် နှစ်ဦးအမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာဂျာနယ်လစ်ကွန်ရက် ( MJN ) က စက်တင်ဘာ ၁၅ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ကြေညာချက်ထဲမှာ သတင်းအလုပ် လုပ်ကိုင်နေတဲ့ သတင်းသမားတွေကို
ဖမ်းဆီးတရားစွဲတာဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ရာရောက်ပြီး ဒီမိုကရေစီ စံနှုန်း နဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် သတင်းသမား နှစ်ဦး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံတော် အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့
ဆက်သွယ်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း မြန်မာသတင်းသမားတွေ အမြန်ဆုံးလွတ်မြောက်နိုင်ရေး ကူညီဆောင်ရွက်ပေးဖို့
မေတ္တာရပ်ခံထားပါတယ်။ မြန်မာဓာတ်ပုံ သတင်းထောက် နှစ်ဦးဖြစ်တဲ့ မင်းဇေယျာဦး နဲ့ ခွန်လတ်တို့နှစ်ဦးကို ဂျာမန်မဂ္ဂဇင်း GEO အတွက် ဘင်္ဂါလီအရေးကိစ္စ နဲ့ ပတ်သက်လို့ သူလျှိုလုပ်တယ်လို့ စွပ်စွဲကာ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေကဖမ်းဆီးထားပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here