ရခုိင္ျပည္နယ္အေရးအတြက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔စကၤာပူႏုိင္ငံျခားေရးဝန္ႀကီး ေဆြးေႏြး

စင္ကာပူႏုိင္ငံျခားေရးဝန္ႀကီး ဗီဗီယမ္  ဘလက္ရစ္နမ္ ဟာ ျမန္မာႏိုင္ငံ ႏုိင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြဆံုၿပီး ရခုိင္ျပည္နယ္ အေရးကို ေဆြးေႏြးမႈေတြလုပ္ခဲ့ပါတယ္။

ေတြဆံုေဆြးေႏြးခ်ိန္မွာ အာဆီယံ က ပဋိပကၡအတြင္း ထိခုိက္မႈရွိခဲ့တဲ့လူေတြကို လူသားခ်င္းဆုိင္ရာ ဘယ္လုိ ကူညီေပး ရမလဲဆုိတဲ့အခ်က္ကိုအဓိကထားေဆြးေႏြးခဲ့တယ္လို႔ စင္ကာပူႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

 စင္ကာပူအစိုးရက ရခုိင္ျပည္နယ္ အေနာက္ပိုင္းက အၾကမ္းဖက္ေတြ  ဟာ ရွုပ္ေထြးတဲ့ ျပည္တြင္းေရး ျပသာနာျဖစ္တယ္လို႔ ေျပာထားၿပီး တိုက္ခုိက္မႈေတြ ရပ္တန္႔ဖုိ႔ေတာင္းဆုိထားပါတယ္။

စင္ကာပူ ရွိ ဗုဒၶဘာသာ နဲ႔ မြတ္စလင္ေခါင္းေဆာင္ေတြကလည္း ရခုိင္ျပည္နယ္မွာ တုိက္ခုိက္မႈေတြျဖစ္ေနတာနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြျဖစ္ရတယ္လို႔ ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်အရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလက်ရစ်နမ် ဟာ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံပြီး ရခိုင်ပြည်နယ် အရေးကို ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။
တွေဆုံဆွေးနွေးချိန်မှာ အာဆီယံ က ပဋိပက္ခအတွင်း ထိခိုက်မှုရှိခဲ့တဲ့လူတွေကို လူသားချင်းဆိုင်ရာ ဘယ်လို ကူညီပေး ရမလဲဆိုတဲ့အချက်ကိုအဓိကထားဆွေးနွေးခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
စင်ကာပူအစိုးရက ရခိုင်ပြည်နယ် အနောက်ပိုင်းက အကြမ်းဖက်တွေ ဟာ ရှုပ်ထွေးတဲ့ ပြည်တွင်းရေး ပြသာနာဖြစ်တယ်လို့ ပြောထားပြီး တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့တောင်းဆိုထားပါတယ်။
စင်ကာပူ ရှိ ဗုဒ္ဓဘာသာ နဲ့ မွတ်စလင်ခေါင်းဆောင်တွေကလည်း ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေဖြစ်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်ရတယ်လို့ ပြောထားပါတယ်။

adv_banner