ျမန္မာသံမတ္ႀကီးကို ေလေၾကာင္း ခ်ိဳးေဖာက္မႈေတြအတြက္ ဘဂၤလားေဒရွ္႕ေခၚယူသတိေပး

ျမန္မာႏိုင္ငံ ဟာ ဘဂၤလားေဒရွ္႕ေလေၾကာင္းပိုင္နက္ကိုခ်ိဳးေဖာက္ဝင္ေရာက္တာေတြရွိခဲ့ၿပီးအဲဒီ က်ဴးေက်ာ္ ရန္စတဲ့ အျပဳမႈေတြ ဟာ      လက္မခံႏုိင္တဲ့အက်ိဳးဆက္ေတြျဖစ္လာဖို႔ ဦးတည္ေနတယ္လို႔ ဘဂၤလားေဒရွ္႕ႏိုင္ငံကေျပာပါတယ္။

ဘဂၤလားေဒရွ္႕ႏုိင္ငံ ဟာ ေလေၾကာင္းပိုင္နက္ ခ်ိဳးေဖာက္မႈနဲ႔ ပတ္သက္ၿပီး ဘဂၤလားေဒ္ရွ္႕ႏုိင္ငံဆုိင္ရာ ျမန္မာ သံအမတ္ႀကီးကိုေခၚယူအသိေပးခဲ့တာျဖစ္ၿပီး ျမန္မာ ဒရုန္း နဲ႔ရဟတ္ေလယာဥ္ေတြ  ဟာ စက္တင္ ၁၀ရက္၊ ၁၂ ရက္ နဲ႔ ၁၄ ရက္တို႔မွာ ဘဂၤလားေဒရွ္႕ ေလေၾကာင္းပိုင္နက္ကို ခ်ိဳးေဖာက္ခဲ့တာျဖစ္တယ္လုိ႔ေျပာပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ အခ်ဳပ္အာဏာ ခ်ိဳးေဖာက္တဲ့ လုပ္ရပ္မ်ိဳးေနာက္ထပ္ မျဖစ္ေပၚေအာင္ခ်က္ျခင္းေဆာင္ရြက္သင့္တယ္လို႔ ဘဂၤလားေဒရွ္႕ႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံ သမၼတ ရံုးေျပာေရးဆုိခြင့္ရွိသူကေတာ့ ဘဂၤလားေဒရွ္႕ႏုိင္ငံရဲ႕ စြပ္စြဲမႈေတြနဲ႔ ပတ္သက္ၿပီး  သတင္းအ ခ်က္လက္မရရွိေသးဘဲ ဘဂၤလားေဒရွ္႕ရဲ႕ စြပ္စြဲမႈေတြ ျငင္းဆန္ခဲ့ပါတယ္။

သမၼတရံုးေျပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌးက  လက္ရွိအခ်ိန္မွာ ၂ ႏိုင္ငံစလံုး ဟာ ဒုကၡသည္ျပသနာာကို ရင္ဆုိင္ေနရလို႔ အျပန္လွန္နားလည္မႈေတြနဲ႔ ပူးေပါင္းေဆာင္ရြက္တာမိ်ဳး လိုအပ္တယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာသံမတ်ကြီးကို လေကြောင်း ချိုးဖောက်မှုတွေအတွက် ဘင်္ဂလားဒေရှ့်ခေါ်ယူသတိပေး

မြန်မာနိုင်ငံ ဟာ ဘင်္ဂလားဒေရှ့်လေကြောင်းပိုင်နက်ကိုချိုးဖောက်ဝင်ရောက်တာတွေရှိခဲ့ပြီးအဲဒီ ကျူးကျော် ရန်စတဲ့ အပြုမှုတွေ ဟာ လက်မခံနိုင်တဲ့အကျိုးဆက်တွေဖြစ်လာဖို့ ဦးတည်နေတယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံကပြောပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံ ဟာ လေကြောင်းပိုင်နက် ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ်ရှ့်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကိုခေါ်ယူအသိပေးခဲ့တာဖြစ်ပြီး မြန်မာ ဒရုန်း နဲ့ရဟတ်လေယာဉ်တွေ ဟာ စက်တင် ၁၀ရက်၊ ၁၂ ရက် နဲ့ ၁၄ ရက်တို့မှာ ဘင်္ဂလားဒေရှ့် လေကြောင်းပိုင်နက်ကို ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အချုပ်အာဏာ ချိုးဖောက်တဲ့ လုပ်ရပ်မျိုးနောက်ထပ် မဖြစ်ပေါ်အောင်ချက်ခြင်းဆောင်ရွက်သင့်တယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူကတော့ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သတင်းအ ချက်လက်မရရှိသေးဘဲ ဘင်္ဂလားဒေရှ့်ရဲ့ စွပ်စွဲမှုတွေ ငြင်းဆန်ခဲ့ပါတယ်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လက်ရှိအချိန်မှာ ၂ နိုင်ငံစလုံး ဟာ ဒုက္ခသည်ပြသနာကို ရင်ဆိုင်နေရလို့ အပြန်လှန်နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး လိုအပ်တယ်လို့ ပြောပါတယ်။

adv_banner