?bph6

Place your ads here!

ရခိုင္အေရး ႏုိင္ငံေရးအျမတ္ထုတ္ မခံရဖို႔ ျပည္သူေတြ တာ၀န္လို႔  သူရဦးေရႊမန္း ေျပာ

ရခိုင္အေရးမွာ ႏုိင္ငံေရးအျမတ္ထုတ္ျခင္း၊ တည္ၿငိမ္ေအးခ်မ္းေရး၊ ေဒသနဲ႔ ႏုိင္ငံလုံၿခဳံေရးကုိ မထိခုိက္ေစဖို႔  ျပည္သူအားလုံးမွာ တာ၀န္ရွိတယ္လို႔  ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာနဲ႔ အထူး ကိစၥရပ္မ်ားေလ့လာဆန္းစစ္ေရး ေကာ္မရွင္ဥကၠဌ သူရဦးေရႊမန္းက   ေျပာပါတယ္။

စက္တင္ဘာ ၁၄ရက္က ေကာ္မရွင္ရဲ႔ ရခုိင္ျပည္နယ္အတြင္း ေဒသခံတုိင္းရင္းသားမ်ားရဲ႔ အေရးေပၚလုိအပ္ခ်က္မ်ားကုိ ျဖည့္ဆည္းေဆာင္ရြက္ႏုိင္ေရး  အလွဴေငြေပးအပ္လွဴဒါန္း ပြဲမွာ ေျပာခဲ့တာျဖစ္ပါတယ္။

သူရဦးေရႊမန္းက ဒုကၡေရာက္ေနၾက တဲ့ တုိင္းရင္းသားမ်ားနဲ႔ ျပည္သူ အေပါင္းကုိ စာနာသနားၿပီး လုံၿခံဳေရး၊ အစားအေသာက္၊ ေဆး၀ါး၊ အ၀တ္အစား၊ ေနရာထုိင္ခင္းတုိ႔ကုိ စီစဥ္ေပးမႈျပဳေနတဲ့ ႏိုင္ငံေတာ္အစုိးရနဲ႔  အဖြဲ႔အစည္းအသီးသီးကုိ ေက်းဇူးတင္ဂုဏ္ျပဳတယ္။

ေနာက္ဆက္တြဲ ျပသနာမ်ားကုိ တည္ၿငိမ္စြာ ေျဖရွင္းရန္နဲ႔ ေနာင္ အလားတူ အျဖစ္ဆုိးမ်ိဳး မျဖစ္ရန္ သင္ခန္းစာယူ ေဆာင္ရြက္ေနျခင္းကုိလည္း သိျမင္တယ္။

ျဖစ္ပ်က္မႈအေပၚ ႏုိင္ငံေရးအျမတ္ထုတ္ျခင္း၊ တည္ၿငိမ္ေအးခ်မ္းေရး၊ ေဒသႏွင့္ ႏုိင္ငံလုံၿခဳံေရးကုိ မထိခုိက္ရန္မွာ ျပည္သူအားလုံးတြင္ တာ၀န္ရွိတယ္

၊ ၿခံစည္းရုိး လုံဖုိ႔လုိသလုိ ႏုိင္ငံတည္ေဆာက္ေရးနဲ႔ တုိးတက္ေရးကုိ မွန္ကန္တဲ့ မ်ိဳးခ်စ္စိတ္၊ မွန္ကန္တဲ့ နည္းလမ္းမ်ားနဲ႔ ညီညြတ္စြာ ေဆာင္ရြက္ၾကရန္ လုိတယ္လို႔လည္း ေျပာခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာနဲ႔ အထူး ကိစၥရပ္မ်ားေလ့လာဆန္းစစ္ေရး ေကာ္မရွင္ရဲ႔ လွဴဒါန္းေငြက်ပ္ သိန္း(၅၀)ကုိ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးက  လက္ခံရယူခဲ့တယ္လို႔ အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်အရေး နိုင်ငံရေးအမြတ်ထုတ် မခံရဖို့ ပြည်သူတွေ တာဝန်လို့ သူရဦးရွှေမန်း ပြော

ရခိုင်အရေးမှာ နိုင်ငံရေးအမြတ်ထုတ်ခြင်း၊ တည်ငြိမ်အေးချမ်းရေး၊ ဒေသနဲ့ နိုင်ငံလုံခြုံရေးကို မထိခိုက်စေဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များလေ့လာဆန်းစစ်ရေး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။

စက်တင်ဘာ ၁၄ရက်က ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများရဲ့ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အလှူငွေပေးအပ်လှူဒါန်း ပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

သူရဦးရွှေမန်းက ဒုက္ခရောက်နေကြ တဲ့ တိုင်းရင်းသားများနဲ့ ပြည်သူ အပေါင်းကို စာနာသနားပြီး လုံခြုံရေး၊ အစားအသောက်၊ ဆေးဝါး၊ အဝတ်အစား၊ နေရာထိုင်ခင်းတို့ကို စီစဉ်ပေးမှုပြုနေတဲ့ နိုင်ငံတော်အစိုးရနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ဂုဏ်ပြုတယ်။

နောက်ဆက်တွဲ ပြသနာများကို တည်ငြိမ်စွာ ဖြေရှင်းရန်နဲ့ နောင် အလားတူ အဖြစ်ဆိုးမျိုး မဖြစ်ရန် သင်ခန်းစာယူ ဆောင်ရွက်နေခြင်းကိုလည်း သိမြင်တယ်။

ဖြစ်ပျက်မှုအပေါ် နိုင်ငံရေးအမြတ်ထုတ်ခြင်း၊ တည်ငြိမ်အေးချမ်းရေး၊ ဒေသနှင့် နိုင်ငံလုံခြုံရေးကို မထိခိုက်ရန်မှာ ပြည်သူအားလုံးတွင် တာဝန်ရှိတယ်
၊ ခြံစည်းရိုး လုံဖို့လိုသလို နိုင်ငံတည်ဆောက်ရေးနဲ့ တိုးတက်ရေးကို မှန်ကန်တဲ့ မျိုးချစ်စိတ်၊ မှန်ကန်တဲ့ နည်းလမ်းများနဲ့ ညီညွတ်စွာ ဆောင်ရွက်ကြရန် လိုတယ်လို့လည်း ပြောခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များလေ့လာဆန်းစစ်ရေး ကော်မရှင်ရဲ့ လှူဒါန်းငွေကျပ် သိန်း(၅၀)ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

adv_banner