?bph6

Place your ads here!










>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလီ ၁၇၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးလို့ အစိုးရ ပြော

မောင်တော မြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင် မြို့နယ်အတွင်းရှိ ဘင်္ဂလီကျေးရွာ ၁၇၆ ရွာက ကျေးရွာသူကျေးရွာသား တစ်ယောက်မကျန် ရွာလုံးကျွတ်ထွက်ပြေးသွားကြတယ်လို့ ရခိုင်ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလီရွာ ၄၇၁ ရွာရှိတဲ့အနက် တစ်ဝက်တစ်ပျက် ထွက်ပြေးသွားတဲ့ ကျေးရွာ ၃၄ ရွာရှိပြီး လုံးဝ ထွက်မပြေးတဲ့ ကျေးရွာ ၂၆၁ ရွာရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

အစိုးရက ထွက်ပြေးသွားတဲ့ရွာတွေဟာ အကြမ်းဖက်သမားများနဲ့ အဆက်အသွယ်ရှိနေတဲ့ ရွာများဖြစ်ပြီး ARSA အစွန်းရောက်အကြမ်းဖက်သမားများ က အကြမ်းဖက်တိုက်ခိုက်ရန် အစီအစဉ်ရှိလို့ အမျိုးသမီးများနဲ့ ကလေးသူငယ်များကို ကြိုတင်ထွက်ပြေး စေခြင်းများရှိတယ်လို့ ပြောနေပါတယ်။

လုံးဝ ထွက်မပြေးသည့်ကျေးရွာနေ ဘင်္ဂလီတွေကတော့ လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်များမှာ ပါဝင် ပတ်သက်မှု မရှိတဲ့ ကျေးရွာများဖြစ်တယ်လို့လည်း ဆိုနေပါတယ်။

လုံးဝထွက်ပြေးသူ၊ တစ်ဝက်တစ်ပျက် ထွက်ပြေးသူများဟာ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့မှာ ပါဝင်ခြင်း မရှိသော်လည်း အကြမ်းဖက်မှုဖြစ်စဉ်များမှာ ပါဝင်ပြီး ဖမ်းဆီး၊ အရေးယူခံရမှာကို ကြောက်လို့ တစ်ဘက်နိုင်ငံသို့ ထွက်ပြေးသွားကြခြင်းသာ ဖြစ်တယ်။
ထွက်မပြေးတဲ့ ကျေးရွာများကို ဥပဒေအတိုင်း အကာအကွယ်ပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ စားနပ်ရိက္ခာအကူအညီများ ကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့လည်း အစိုးရသတင်းမှာ ဖော်ပြပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂက ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကိုပြေးလာသူ ဘင်္ဂလီ ၄သိန်းလောက်ရှိသွားပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

 

adv_banner