?bph6

Place your ads here!

 အိႏၵိယက ရခိုင္ေရရွည္ဖြံ႕ၿဖိဳးေရး ကူညီရန္ ကမ္းလွမ္း

အိႏၵိယႏိုင္ငံက ရခိုင္ ျပည္နယ္ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏွစ္ႏိုင္ငံအၾကား နားလည္မႈစာခြၽန္လႊာလက္မွတ္ေရးထိုးျပီး ပူးေပါင္းကူညီေဆာင္ ရြက္လိုတယ္လို႔ ျမန္မာအစိုးရကို ကမ္းလွမ္းလိုက္ပါတယ္။

စက္တင္ဘာ ၁၅ရက္က ေနျပည္ေတာ္မွာ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးနဲ႔ အိႏၵိယႏိုင္ငံသံအမတ္ႀကီး H.E. Mr. Vikram Misri တို႔ ေတြ႔ဆံုတုန္း အိႏၵိယဘက္က ေျပာဆိုကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္လို႔ ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ ခြဲျခားမႈမရွိဘဲ လိုအပ္သူမ်ားကို  အကူအညီေပးေေနျပီး ႏိုင္ငံတကာ အကူအညီမ်ားကိုလည္း လက္ခံေနတယ္၊အိႏၵိယႏိုင္ငံနဲ႔ လည္း ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔ ေျပာခဲ့ပါတယ္။

အိႏၵိယႏိုင္ငံဟာ အရင္ကလည္း ရခိုင္ျပည္နယ္ အေျခခံ အေဆာက္အအုံမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ခ်င္းျပည္နယ္နဲ႔                                   စစ္ကိုင္းတိုင္းေဒသႀကီး ဖြံ႕ၿဖိဳးေရးအတြက္ ပူးေပါင္းေဆာင္ရြက္ ခဲ့ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယက ရခိုင်ရေရှည်ဖွံ့ဖြိုးရေး ကူညီရန် ကမ်းလှမ်း

အိန္ဒိယနိုင်ငံက ရခိုင် ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး ပူးပေါင်းကူညီဆောင် ရွက်လိုတယ်လို့ မြန်မာအစိုးရကို ကမ်းလှမ်းလိုက်ပါတယ်။

စက်တင်ဘာ ၁၅ရက်က နေပြည်တော်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri တို့ တွေ့ဆုံတုန်း အိန္ဒိယဘက်က ပြောဆိုကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်လို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ ခွဲခြားမှုမရှိဘဲ လိုအပ်သူများကို အကူအညီပေးနေပြီး နိုင်ငံတကာ အကူအညီများကိုလည်း လက်ခံနေတယ်၊အိန္ဒိယနိုင်ငံနဲ့ လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ အရင်ကလည်း ရခိုင်ပြည်နယ် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက် ခဲ့ဖူးပါတယ်။

 

adv_banner