?bph6

Place your ads here!

 ဒီမိုကေရစီ ကဖ်က္ယဖ်က္သမားမ်ား သတိထားလို႔  ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ေျပာ

မင္းသားႀကီးမလုပ္ရလို႔ ပတ္မႀကီးထိုးေဖာက္လိုတဲ့ ဒီမိုကေရစီ ကဖ်က္ယဖ်က္သမားမ်ားအႏၲရာယ္ကို  အထူးအေလးအနက္ထား         သတိျပဳဖို႔လိုတယ္လို႔  ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦး၀င္းျမင့္က ေျပာပါတယ္။

ေနျပည္ေတာ္ရွိ လႊတ္ေတာ္ အေဆာက္အအံု သဘင္ေဆာင္မွာ စက္တင္ဘာ ၁၅ရက္ကလုပ္ခဲ့တဲ့ ၂၀၁၇ခုႏွစ္ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ (International Day of Democracy 2017) အခမ္းအနားမွာ ေျပာခဲ့တာျဖစ္ပါတယ္။

သူက ” ဒီမိုကေရစီအႏၲရာယ္မ်ားကိုလည္း  မ်က္ေျခမပ်က္ ဂ႐ုစိုက္ဖို႔လိုပါတယ္။ ဒီမိုကေရစီရဲ႕ အႏၲရာယ္မ်ားက ဘာေတြလဲလို႔ေမးလို႔ရွိရင္ ဒီမိုကေရစီမလိုလားသူမ်ား၊ ဒီမိုကေရစီကို လိုလားေသာ္လည္း မင္းသားႀကီးမလုပ္ရလို႔ ပတ္မႀကီးထိုးေဖာက္လိုေသာ္ ဒီမိုကေရစီ ကဖ်က္ယဖ်က္သမားမ်ား၊ ေနာက္တစ္ခုက ဒီမိုကေရစီကို မယုံၾကည္သူမ်ား၊ ဒီမိုကေရစီကို ယုံၾကည္ေသာ္လည္း ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို အားမလို အားမရျဖစ္ၿပီးေတာ့ ကိုယ္သေဘာနဲ႔ ကိုယ္လုပ္ခ်င္ရာလုပ္တဲ့အခါမွာ အာဏာရွင္စနစ္ဆီကို ျပန္ၿပီး အသက္သြင္းေပးသလို ျဖစ္သြားသူမ်ား၊ ဒီမိုကေရစီစနစ္နဲ႔ ဆန္႔က်င္ဘက္ျဖစ္တဲ့ အာဏာရွင္စနစ္ တည္ၿမဲေရးအတြက္ ဒီမိုကေရစီကို အလြဲသုံးစားလုပ္သူမ်ား၊ ေနာက္တစ္မ်ိဳးက ဒီမိုကေရစီက်င့္စဥ္အရ လြတ္လပ္ၿပီးတရားမၽွတတဲ့ ေ႐ြးေကာက္ပြဲနဲ႔ ျပည္သူ႔အာဏာကိုရယူဖို႔ မႀကိဳးစားဘဲရရာ နည္းလမ္းနဲ႔ ျပည္သူ႔အာဏာကိုရယူရန္ ႀကိဳးစားသူမ်ား၊ ဒါဟာဒီမိုကေရစီရဲ႕ အႏၲရာယ္မ်ားျဖစ္ပါတယ္” လို႔ ေျပာခဲ့တာပါ။

အခုႏွစ္ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ ေဆာင္ပုဒ္က “ဒီမိုကေရစီ ရွင္သန္ဖို႔ ပူးေပါင္းကာကြယ္စို႔” (In Defence of Democracy) ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီမိုကရေစီ ကဖျက်ယဖျက်သမားများ သတိထားလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော

မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်လိုတဲ့ ဒီမိုကရေစီ ကဖျက်ယဖျက်သမားများအန္တရာယ်ကို အထူးအလေးအနက်ထား သတိပြုဖို့လိုတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။

နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ သဘင်ဆောင်မှာ စက်တင်ဘာ ၁၅ရက်ကလုပ်ခဲ့တဲ့ ၂၀၁၇ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy 2017) အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။

သူက ” ဒီမိုကရေစီအန္တရာယ်များကိုလည်း မျက်ခြေမပျက် ဂရုစိုက်ဖို့လိုပါတယ်။ ဒီမိုကရေစီရဲ့ အန္တရာယ်များက ဘာတွေလဲလို့မေးလို့ရှိရင် ဒီမိုကရေစီမလိုလားသူများ၊ ဒီမိုကရေစီကို လိုလားသော်လည်း မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်လိုသော် ဒီမိုကရေစီ ကဖျက်ယဖျက်သမားများ၊ နောက်တစ်ခုက ဒီမိုကရေစီကို မယုံကြည်သူများ၊ ဒီမိုကရေစီကို ယုံကြည်သော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားမလို အားမရဖြစ်ပြီးတော့ ကိုယ်သဘောနဲ့ ကိုယ်လုပ်ချင်ရာလုပ်တဲ့အခါမှာ အာဏာရှင်စနစ်ဆီကို ပြန်ပြီး အသက်သွင်းပေးသလို ဖြစ်သွားသူများ၊ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူများ၊ နောက်တစ်မျိုးက ဒီမိုကရေစီကျင့်စဉ်အရ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူ့အာဏာကိုရယူဖို့ မကြိုးစားဘဲရရာ နည်းလမ်းနဲ့ ပြည်သူ့အာဏာကိုရယူရန် ကြိုးစားသူများ၊ ဒါဟာဒီမိုကရေစီရဲ့ အန္တရာယ်များဖြစ်ပါတယ်” လို့ ပြောခဲ့တာပါ။

အခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်က “ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့” (In Defence of Democracy) ဖြစ်ပါတယ်။

adv_banner