



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြက်ခြေနီ လှုပ်ရှားမှုနဲ့ ကယ်ဆယ်ရေးစတင်

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို ကြက်ခြေနီ လှုပ်ရှားမှု Red Cross Movement က ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ကူညီပေးနေပါတယ်။

သြဂုတ် ၂၆ ရက်ကနေ စက်တင်ဘာ ၁၄ ရက်အထိ မောင်တော မြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင် မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာထွက်ပြေးလာသူပေါင်း ၁၉၀ဝ၀ ကျော်ကို ဆန် ၃၀၂ အိတ်၊ ငါးသေတ္တာ ၂၉၀၆ သေတ္တာ ၊ ခြင်ထောင် ၁၂၈ လုံး၊ စောင် ၄၀၃ ထည် အပါအဝင် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရက ရခိုင်ဒေသအတွက် နိုင်ငံတကာကူညီထောက်ပံ့မှုတွေကိုလည်း အလားတူ ကြက်ခြေနီ လှုပ်ရှားမှု Red Cross Movement အစီအစဉ်နဲ့ထောက်ပံ့ကူညီပေးဖို့ စီစဉ်ထားပါတယ်။

adv_banner