?bph6

Place your ads here!

ဘဂၤလားေဒ့ရွ္နယ္စပ္မွာ အဖမ္းခံရတဲ့ ျမန္မာသတင္းေထာက္ ၂ ဦး ကိစၥ ျမန္မာအစိုးရ စံုစမ္းေန

ဓာတ္ပံု- မင္းေဇယ်ာဦး ေဖ့စ္ဘုတ္

 

ဘဂၤလားေဒ့ရွ္အစိုးရက ျပီးခဲ့တဲ့ တစ္ပတ္ေက်ာ္အတြင္း ဖမ္းဆီးထိန္းသိမ္းထားတဲ့ ျမန္မာသတင္းေထာက္ ၂ ဦး နဲ႔ ပတ္သက္ျပီး ျဖစ္စဥ္အေသးစိတ္ကို စံုစမ္းေနတယ္လို႔ ႏိုင္ငံေတာ္အတုိင္ပင္ခံရုံး၀န္ၾကီး႒ာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေ႒း က ေျပာပါတယ္။

ဂ်ာမနီ မဂၢဇင္းတစ္ေစာင္အတြက္ သတင္းဓာတ္ပံုသြားေရာက္ရိုက္ကူးေပးခဲ့တဲ့ ျမန္မာသတင္းေထာက္ မင္းေဇယ်ာဦးနဲ႔ ခြန္လတ္တုိ႔ကို ျမန္မာ – ဘဂၤလား နယ္စပ္အနီးက ေကာ့ဘဇားမွာ ျပီးခဲ့တဲ့ တစ္ပတ္ေက်ာ္က ဘဂၤလားေဒ့ရွ္အစိုးရ ဘက္က ေန ထိန္းသိမ္းထားတာျဖစ္တယ္လုိ႔ ေအအက္ဖ္ပီသတင္း႒ာနမွာ ေဖာ္ျပထားပါတယ္။

ဂ်ာနယ္လစ္ဗီဇာအစား၊ ကမာၻလွည့္ခရီးသြားဗီဇာနဲ႔ ႏုိင္ငံအတြင္းကို ၀င္ေရာက္ခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႕က စြပ္စြဲထားျပီး အေယာင္ေဆာင္မႈ၊ အခ်က္အလက္အမွားေတြ ေပးအပ္မႈနဲ႔ တရားစြဲထားတာပါ။ ဒါ့အျပင္ သူလွိ်ဳလုပ္မႈနဲ႔ လည္း ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႕က စြပ္စြဲထားပါတယ္။

ျမန္မာသတင္းေထာက္ ၂ ဦးျဖစ္တဲ့ မင္းေဇယ်ာဦးနဲ႔ ခြန္လတ္တုိ႔ ကို ဖမ္းဆီးထားတယ္ဆုိတဲ့ သတင္းကို စက္တင္ဘာ ၁၃ ရက္ေန႔က မွ ေၾကညာခဲ့တာျဖစ္ျပီး အာမခံေလွ်ာက္ထားမႈကို တရားရုံးက စက္တင္ဘာ ၁၄ ရက္ေန႔မွာ ပယ္ခ်ခဲ့တယ္လို႔ ေအအက္ဖ္ပီသတင္း႒ာနက ေဖာ္ျပထားပါတယ္။
………………………..။ ။ …………………………

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အဖမ်းခံရတဲ့ မြန်မာသတင်းထောက် ၂ ဦး ကိစ္စ မြန်မာအစိုးရ စုံစမ်းနေ

ဘင်္ဂလားဒေ့ရှ်အစိုးရ က ပြီးခဲ့တဲ့ တစ်ပတ်ကျော်အတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာသတင်းထောက် ၂ ဦး နဲ့ ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး က ပြောပါတယ်။

ဂျာမနီမဂ္ဂဇင်းတစ်စောင်အတွက် သတင်းဓာတ်ပုံသွားရောက်ရိုက်ကူးပေးခဲ့တဲ့ မြန်မာသတင်းထောက် မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ကို မြန်မာ – ဘင်္ဂလားနယ်စပ်အနီးက ကော့ဘဇားမှာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဘင်္ဂလားဒေ့ရှ်အစိုးရ ဘက်က နေ ထိန်းသိမ်းထားတာဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းဋ္ဌာနမှာ ဖော်ပြထားပါတယ်။

ဂျာနယ်လစ်ဗီဇာအစား၊ ကမ္ဘာလှည့်ခရီးသွားဗီဇာနဲ့ နိုင်ငံအတွင်းကို ဝင်ရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က စွပ်စွဲထားပြီး အယောင်ဆောင်မှု၊ အချက်အလက်အမှားတွေ ပေးအပ်မှုနဲ့ တရားစွဲထားတာပါ။ ဒါ့အပြင် သူလျှိုလုပ်မှုနဲ့ လည်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က စွပ်စွဲထားပါသေးတယ်။

မြန်မာသတင်းထောက် ၂ ဦးဖြစ်တဲ့ မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ ကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကို စက်တင်ဘာ ၁၃ ရက်နေ့က မှ ကြေညာခဲ့တာဖြစ်ပြီး အာမခံလျှောက်ထားမှုကို တရားရုံးက စက်တင်ဘာ ၁၄ ရက်နေ့မှာ ပယ်ချခဲ့တယ်လို့ အေအက်ဖ်ပီသတင်းဋ္ဌာနက ဖော်ပြထားပါတယ်။

adv_banner