နယ္စပ္ေဒသမွာ ေဘးကင္းေရးဇုန္ တည္ေထာင္မွာ မဟုတ္

ျမန္မာအစိုးရအဖြဲ႔ အႀကီးတန္းအရာရွိတစ္ဦးက ဘဂၤလားေဒရွ္႕ – ျမန္မာနယ္စပ္ေဒသမွာ ေနရပ္စြန္႔ခြာထြက္ေျပးေနရတဲ့ ဘဂၤါလီေတြအတြက္ ေဘးကင္းေရးဇုန္ တည္ေထာင္ဖို႔ ဘဂၤလားေဒရွ္႕ရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္ပါတယ္။

ဘဂၤလားေဒရွ္႕ႏုိင္ငံဟာ ဘဂၤါလီေတြအတြက္ ေဘးကင္းေရးဇုန္ တည္ေထာင္ဖို႔ ျမန္မာအစိုးရကို ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ကမ္းလွမ္းမႈလုပ္ခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံေတာ္ သမၼတရံုးေျပာေရးဆုိခြင့္ရွိသူ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ျမန္မာအစုိးရဟာ ေဘးကင္းေရးဇုန္ တည္ေထာင္ဖုိ႔ စီမံကိန္းကို ပယ္ခ်ခဲ့ၿပီး ေဘးကင္းေရးဇုန္တည္ေထာင္ ခဲ့မယ္ဆုိရင္ နယ္စပ္ေဒသဟာ ႏုိင္ငံတကာ ထိန္းခ်ဳပ္မႈကိုေရာက္ရွိသြားဖြယ္ရွိတယ္လို႔ ေျပာပါတယ္။

ရခုိင္ျပည္နယ္မွာ ၾသဂုတ္ ၂၅ ရက္ေန႔က ဘဂၤါလီအၾကမ္းဖက္တုိက္ခိုက္မႈေတြျဖစ္ခဲၿပီး ေဒသခံေတြ ဟာ ေနရပ္စြ႔န္ခြာထြက္ေျပးခဲ့ရပါတယ္။ ဘဂၤလားေဒရွ္႕ႏုိင္ငံထဲကို ေနရပ္စြန္႔ခြာထြက္ေျပးမႈအမ်ားစုရွိခဲ့တယ္လို႔ ေဒသတြင္း မီဒီယာေတြကေျပာပါတယ္။
………………………………။ ။ …………………………

နယ်စပ်ဒေသမှာ ဘေးကင်းရေးဇုန် တည်ထောင်မှာ မဟုတ်

မြန်မာအစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ဘင်္ဂလားဒေရှ့် – မြန်မာနယ်စပ်ဒေသမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဘင်္ဂါလီတွေအတွက် ဘေးကင်းရေးဇုန် တည်ထောင်ဖို့ ဘင်္ဂလားဒေရှ့်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံဟာ ဘင်္ဂလီတွေအတွက် ဘေးကင်းရေးဇုန် တည်ထောင်ဖို့ မြန်မာအစိုးရကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကမ်းလှမ်းမှုလုပ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြန်မာအစိုးရဟာ ဘေးကင်းရေးဇုန် တည်ထောင်ဖို့ စီမံကိန်းကို ပယ်ချခဲ့ပြီး ဘေးကင်းရေးဇုန်တည်ထောင် ခဲ့မယ်ဆိုရင် နယ်စပ်ဒေသဟာ နိုင်ငံတကာ ထိန်းချုပ်မှုကိုရောက်ရှိသွားဖွယ်ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ် ၂၅ ရက်နေ့က ဘင်္ဂါလီအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲပြီး ဒေသခံတွေ ဟာ နေရပ်စွ့န်ခွာထွက်ပြေးခဲ့ရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို နေရပ်စွန့်ခွာထွက်ပြေးမှုအများစုရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေကပြောပါတယ်။

adv_banner