



…………………………….။ ။ ……………………………….

အကူညီပေးရေးအဖွဲ့ကို တားမြစ်ပိတ်ပင်ထားတာ မရှိဘူးလို့ ဆို

ရခိုင်ပြည်နယ် က အကူညီပေးရေးအလုပ်သမားတွေကို တားမြစ် ပိတ်ပင်တာမရှိဘူးလို့ မြန်မာအစိုးရ ကပြောလိုက်ပါတယ်။

နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွန်ချုပ် ဦးဇော်ဌေးက ရခိုင်ပြည်နယ်အတွင်း လုပ်အားပေး အဖွဲ့တွေကို တားမြစ်ပိတ်ပင်တာမရှိဘဲ လုံခြုံရေးအခြေနေကြောင့် မြေပြင်အနေထားမှာ ကန့်သတ်မှုတွေ ရှိကောင်းရှိနိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲဘင်္ဂါလီအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးမှုတွေရှိခဲ့ပါတယ်။ ကုလသမဂ္ဂအပါဝင် နိုင်ငံတကာ ကအကြမ်းဖက်တိုက်ခိုက်နေတာတွေကိုရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေထဲမှာ အိမ်မီးရှို့တာတွေလည်းရှိခဲ့ပြီး ဘင်္ဂါလီတွေက လုံခြုံရေးအဖွဲ့တွေကအိမ်ကို မီးရှိုခဲ့တယ်လို့ ပြောဆိုသလို လုံခြုံရေးအဖွဲ့ဝင်တွေကလည်းဘင်္ဂါလီတွေဟာ ကိုယ့်အိမ်ကို ကိုယ်ပြန်မီးရှိ့ခဲ့ တာဖြစ်တယ်လို့ ပြောပါတယ်။

adv_banner