

လက်ရှိနိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေက မရှင်းလင်းတဲ့အတွက် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသွားမယ့် ကိစ္စကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီး ဘယ်နေ့သွားမယ်တော့ မသိသေးပါဘူး၊ ရောပသမဂ္ဂ-မြန်မာ ရင်းနှီးမြှုပ်နှံမယ့် သဘောတူညီချက် အလားအလာတွေကို ဆွေးနွေးဖို့ အခွင့်မသာသေးဘူးလို့ ဥရောပ ပါလီမန်ရဲ့ နိုင်ငံတကာ ကုန်သွယ်ရေး အကြီးအကဲ ဘရန် လန့်ဂ်ျကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။

……………………………….။ ။ …………………………..

ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ မြန်မာခရီးစဉ် ရွှေ့ဆိုင်း

ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး ဘယ်နေ့သွားဖြစ်မယ် ဆိုတာကိုလည်း မသိသေးဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိနိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေက မရှင်းလင်းတဲ့အတွက် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသွားမယ့် ကိစ္စကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီး ဘယ်နေ့သွားမယ်တော့ မသိသေးပါဘူး၊ ရောပသမဂ္ဂ-မြန်မာ ရင်းနှီးမြှုပ်နှံမယ့် သဘောတူညီချက် အလားအလာတွေကို ဆွေးနွေးဖို့ အခွင့်မသာသေးဘူးလို့ ဥရောပ ပါလီမန်ရဲ့ နိုင်ငံတကာ ကုန်သွယ်ရေး အကြီးအကဲ ဘရန် လန့်ဂျ်ကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။

အခုလို မရှင်းအလင်းဖြစ်နေတဲ့ အခြေအနေမှာ မြန်မာနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူးလို့ သူက ပြောပါတယ်။

adv_banner