?bph6

Place your ads here!

ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ ေလေၾကာင္း တိုးခ်ဲ႕ပ်ံသန္းေရး ေဆြးေႏြး

ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံအၾကား ေလေၾကာင္းတိုးခ်ဲ႕ပ်ံသန္းေရး ေဆြးေႏြးခဲ့ၾကျပီး ႏွစ္ႏိုင္ငံ ခရီးသြားလုပ္ငန္းဖြ႔ံျဖိဳးတိုးတက္ဖို႔ ၀န္ေဆာင္မႈေကာင္းေတြ ျဖည့္ဆည္းဖို႔လည္း ေဆြးေႏြးခဲ့ၾကပါတယ္။

စက္တင္ဘာ ၁၃ ရက္က ေနျပည္ေတာ္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွာ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္႔စင္ေမာင္နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံ သံအမတ္ႀကီး မစၥတာဘူေလာင္ တို႔ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကတာ ျဖစ္တယ္လို႔ အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။

ျမန္မာနဲ႔ ထိုင္းႏိုင္ငံတို႔အၾကား နယ္စပ္ျဖတ္ေက်ာ္ ပို႔ေဆာင္မႈ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ႏွစ္ႏိုင္ငံ အၾကား နားလည္မႈ စာခြၽန္လႊာေရးထိုးႏိုင္ဖို႔ ၊ ေလေၾကာင္းလိုင္းမ်ား တိုးခ်ဲ႕ ပ်ံသန္းေရး၊ ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ ပိုမိုေကာင္းမြန္တဲ့ ဝန္ေဆာင္မႈမ်ား ျဖည့္ဆည္းေပးႏိုင္ဖို႔ ၊ ေရေၾကာင္း က႑မွာ ပူးေပါင္းေဆာင္ရြက္ႏိုင္မယ့္ အေျခအေနမ်ား၊ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးက႑၊ လူ႔အရင္းအျမစ္ ဖြံ႕ၿဖိဳးေရးကိစၥရပ္မ်ား၊ အနာဂတ္မွာ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မယ့္ လုပ္ငန္းစဥ္မ်ားကို ေဆြးေႏြး ညႇိႏႈိင္း ခဲ့ၾကတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။(USA)
…………………………။ ။ ………………………..

မြန်မာ-ထိုင်း နှစ်နိုင်ငံလေကြောင်းတိုးချဲ့ပျံသန်းရေးဆွေးနွေး

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လေကြောင်းတိုးချဲ့ပျံသန်းရေး ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ဝန်ဆောင်မှုကောင်းတွေ ဖြည့်ဆည်းဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

စက်တင်ဘာ ၁၃ ရက်က နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာဘူလောင် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနဲ့ ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှု အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံ အကြား နားလည်မှု စာချွန်လွှာရေးထိုးနိုင်ဖို့ ၊ လေကြောင်းလိုင်းများ တိုးချဲ့ ပျံသန်းရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ဖို့ ၊ ရေကြောင်း ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေများ၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍ၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ အနာဂတ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်း ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။(USA)

adv_banner