?bph6

Place your ads here!



စက်တင်ဘာ ၁၄ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ လမ်းကြောင်းလုံခြုံရေးနဲ့အတူ မောင်တောမြို့နယ်၊ သုပဏ္ဏကကျေးရွာသို့ ရောက်ရှိနေတဲ့ ကြောင်နဘေကျေးရွာသား ဒေသခံတိုင်းရင်းသားပြည်သူ ၁၉၀ ဦး၊ ပန်းကုန်းမကျေးရွာသို့ရောက်ရှိနေတဲ့ ပေါက်ကြက် ကျေးရွာ ဒေသခံ တိုင်းရင်းသားပြည်သူ ၂၄၀ ဦးနဲ့ ဒိုးတန်းကျေးရွာနေ ဒေသခံတိုင်းရင်း သားပြည်သူ ၂၂၀ ဦးတို့ မူလနေရပ်ထံ ပြန်ခဲ့ကြပါတယ်။

(USA)
…………………..။ ။ ………………………

ရခိုင်မှာ ဒေသခံတွေ မူလနေရပ်ပြန်နေကြ

ရခိုင်မှာ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ဒေသခံတိုင်းရင်းသားတွေ ရာနဲ့ချီပြီး မူလနေရပ်ဆီ ပြန်နေကြတုန်းဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၄ရက်က လုံံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ လမ်းကြောင်းလုံခြုံရေးနဲ့အတူ မောင်တောမြို့နယ်၊ သုပဏ္ဏကကျေးရွာသို့ ရောက်ရှိနေတဲ့ ကြောင်နဘေကျေးရွာသား ဒေသခံတိုင်းရင်းသားပြည်သူ ၁၉၀ ဦး၊ ပန်းကုန်းမကျေးရွာသို့ရောက်ရှိနေတဲ့ ပေါက်ကြက် ကျေးရွာ ဒေသခံတိုင်းရင်းသားပြည်သူ ၂၄၀ ဦးနဲ့ ဒိုးတန်းကျေးရွာနေ ဒေသခံတိုင်းရင်း သားပြည်သူ ၂၂၀ ဦးတို့ မူလနေရပ်ထံ ပြန်ခဲ့ကြပါတယ်။
အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၆ရက်ကစလို့ မူလနေရပ်ပြန်သူပေါင်း ၅၀ဝ၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။(USA)

adv_banner