?bph6

Place your ads here!

ရခိုင္ေကာ္မတီ ၂ ပတ္အၿပီး ကြင္းဆင္းေလ့လာ သံုးသပ္မယ္

“ရခုိင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္ေတြ အေပၚ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေရးေကာ္ မတီ”ရဲ႕ ကြင္းဆင္းေလ့လာ သံုးသပ္ျခင္းကို ရက္သတၱပတ္ ၂ ပတ္အတြင္းအၿပီးလုပ္ေဆာင္ရမွာျဖစ္တယ္လို႔ ေကာ္မတီ ဥကၠ႒ ၊ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာပါတယ္။

ေကာ္မတီရဲ႕ စက္တင္ဘာ ၁၄ ရက္ ပထမအၾကိမ္အစည္းအေ၀းမွာ ၀န္ၾကီးက ေျပာခဲ့တာျဖစ္ျပီး ေကာ္မတီအေနနဲ႔ ကိုဖီအာနန္ေကာ္မရွင္နဲ႔ ဒုတိယသမၼတဦးျမင့္ေဆြေကာ္မရွင္ စတဲ့ေကာ္မရွင္ႏွစ္ခုစလံုးရဲ႔ အႀကံျပဳခ်က္မ်ား အေပၚ အေကာင္ အထည္ ေဖာ္ေဆာင္ရြက္ရမွာျဖစ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။

ရခိုင္ေကာ္မရွင္ေတြရဲ႔ အႀကံျပဳခ်က္ မ်ားအနက္ ျပည္သူအက်ိဳးရွိၿပီး လက္ရွိ ေျမျပင္အေျခအေနနဲ႔ လိုက္ေလ်ာညီေထြျဖစ္တဲ့ အခ်က္မ်ားကို ေကာ္မတီက အေကာင္အထည္ေဖာ္လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနွင့္ျပန္လည္ေနရာခ်ထားေရးဝန္ၾကီးဌာန ၀န္ၾကီး ေခါင္းေဆာင္တဲ့ ရခိုင္ျပည္နယ္ ဆိုင္ရာအၾကံျပဳခ်က္ေတြအေပၚ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေရးေကာ္မတီ တရပ္ကို သမၼတအမိန္႔နဲ႔ စက္တင္ဘာ ၁၂ ရက္က ဖြဲ႔စည္းခဲ့ျပီး ေကာ္မတီရဲ႔လုပ္၀န္းတာ၀န္ ၁၀ ခ်က္ကို အေကာင္အထည္ ေဖာ္လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။(USA)
………………………..။ ။ ………………………

ရခိုင်ကော်မတီ ၂ ပတ်အပြီး ကွင်းဆင်းလေ့လာသုံးသပ်ရမယ်

“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော် မတီ”ရဲ့ ကွင်းဆင်းလေ့လာ သုံးသပ်ခြင်းကို ရက်သတ္တပတ် ၂ ပတ်အတွင်းအပြီးလုပ်ဆောင်ရမှာဖြစ်တယ်လို့ ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ကော်မတီရဲ့ စက်တင်ဘာ ၁၄ ရက် ပထမအကြိမ်အစည်းအဝေးမှာ ဝန်ကြီးက ပြောခဲ့တာဖြစ်ပြီး ကော်မတီအနေနဲ့ ကိုဖီအာနန်ကော်မရှင်နဲ့ ဒုတိယသမ္မတဦးမြင့်ဆွေကော်မရှင် စတဲ့ကော်မရှင်နှစ်ခုစလုံးရဲ့ အကြံပြုချက်များ အပေါ် အကောင် အထည် ဖော်ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ရခိုင်ကော်မရှင်တွေရဲ့ အကြံပြုချက် များအနက် ပြည်သူအကျိုးရှိပြီး လက်ရှိ မြေပြင်အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အချက်များကို ကော်မတီက အကောင်အထည်ဖော်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ တရပ်ကို သမ္မတအမိန့်နဲ့ စက်တင်ဘာ ၁၂ ရက်က ဖွဲ့စည်းခဲ့ပြီး ကော်မတီရဲ့လုပ်ဝန်းတာဝန် ၁၀ ချက်ကို အကောင်အထည် ဖော်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။(USA)

adv_banner