ျပည္သူေတြရဲ႕ ရင့္က်က္မႈဟာ ဒီမိုကေရစီေဖာ္ေဆာင္ေရးမွာ အဓိကက်လို႔ သမၼတ ေျပာ

ျပည္သူျပည္သားတို႔ရဲ႕ စိတ္ေနစိတ္ထား ရင့္က်က္ျပည့္၀မႈ၊ အေတြးအေခၚျမင့္မားမႈနဲ႔ စည္းကမ္းေကာင္းမြန္မႈတို႔ဟာ ဒီမိုကေရစီေဖာ္ေဆာင္မႈ ေအာင္ျမင္ဖို႔ အဓိကက်တဲ့အခ်က္မ်ား ျဖစ္တယ္လို႔ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က ေျပာပါတယ္။

(၇) ႏွစ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ အခမ္းအနားသို႔ ေပးပို႔တဲ့ သဝဏ္လႊာမွာ ထုတ္ျပန္ေျပာဆို လုိက္တာျဖစ္ျပီး ဒီေန႔ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီကူးေျပာင္းေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ သာယာ ၀ေျပာေရး စတဲ့ပန္းတိုင္ေတြကို တည္ေဆာက္ေနရခ်ိန္ ျဖစ္တယ္လို႔လည္း သမၼတ က ေျပာပါတယ္။

ဒီပန္းတိုင္သုံးခုဟာ တစ္ခုနဲ႔တစ္ခု ဆက္ႏႊယ္ဆက္စပ္ေနသလို အျပန္ အလွန္လည္း အေထာက္အကူ ျပဳေနတယ္။ ဒီမိုကေရစီ လမ္းေၾကာင္း ေပၚကို တက္လွမ္းၿပီး ေျခလွမ္းေတြတစ္လွမ္းၿပီးတစ္လွမ္း ေလၽွာက္လွမ္းေန ရၿပီျဖစ္ေပမယ့္ ဒီမိုကေရစီ တည္ေဆာက္ေရးဟာ ကာလရွည္ၾကာ အခ်ိန္ ယူရမယ့္ ခရီးရွည္ႀကီးတစ္ခုပဲျဖစ္တယ္။

ႏွစ္ေပါင္းမ်ားစြာ ဒီမိုကေရစီ ဆိတ္သုဥ္းေနခဲ့ရတဲ့ ျမန္မာႏိုင္ငံဟာ အလင္းေရာင္၊အလင္းစေတြ ေတြ႕ျမင္ လာရတာ မၾကာ ေသးဘူးလို႔ ဆိုႏိုင္တယ္လို႔လည္း သမၼတ ရဲ႔ သ၀ဏ္လႊာမွာ ေဖာ္ျပပါရွိပါတယ္။ ဒါ့အျပင္ သမၼတက ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုႀကီး ေအာင္ျမင္စြာ တည္ေဆာက္ ႏိုင္ဖို႔ အတြက္ ႏိုင္ငံသားတစ္ဦးခ်င္းကလည္း “ျပည္သူမ်ားႏွင့္အတူ” ဆိုတဲ့ ဒီမိုကေရစီ စိတ္ဓာတ္ အင္အား မ်ားနဲ႔ တက္ႂကြစြာ ပူးေပါင္းပါဝင္ တည္ေဆာက္ သြားၾကပါလို႔ အေလးအနက္တိုက္တြန္းသြားပါတယ္။
(USA)
…………………………..။ ။ ……………………………

ပြည်သူတွေရဲ့ ရင့်ကျက်မှုဟာ ဒီမိုကရေစီဖော်ဆောင်ရေးမှာ အဓိကကျလို့ သမ္မတ ပြော

ပြည်သူပြည်သားတို့ရဲ့ စိတ်နေစိတ်ထား ရင့်ကျက်ပြည့် ဝမှု၊ အတွေးအခေါ်မြင့်မားမှုနဲ့ စည်းကမ်းကောင်းမွန်မှုတို့ဟာ ဒီမို ကရေစီဖော်ဆောင် မှုအောင်မြင်ဖို့ အဓိကကျတဲ့အချက်များ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

(၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး ဒီနေ့မြန်မာနိုင်ငံဟာ ဒီမိုကရေစီကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာ ဝပြောရေး စတဲ့ပန်းတိုင်တွေကို တည်ဆောက်နေရချိန် ဖြစ်တယ်လို့လည်း သမ္မတ က ပြောပါတယ်။

ဒီပန်းတိုင်သုံးခုဟာ တစ်ခုနဲ့တစ်ခု ဆက်နွှယ်ဆက်စပ်နေသလို အပြန် အလှန်လည်း အထောက်အကူ ပြုနေတယ်။ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကို တက်လှမ်းပြီး ခြေလှမ်းတွေတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းနေ ရပြီဖြစ်ပေမယ့် ဒီမိုကရေစီ တည်ဆောက်ရေးဟာ ကာလရှည်ကြာ အချိန် ယူရမယ့် ခရီးရှည်ကြီးတစ်ခုပဲဖြစ်တယ်။

နှစ်ပေါင်းများစွာ ဒီမိုကရေစီ ဆိတ်သုဉ်းနေခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အလင်းရောင်၊အလင်းစတွေ တွေ့မြင် လာရတာ မကြာ သေးဘူးလို့ ဆိုနိုင်တယ်လို့လည်း သမ္မတ ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် သမ္မတက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက် နိုင်ဖို့ အတွက် နိုင်ငံသားတစ်ဦးချင်းကလည်း “ပြည်သူများနှင့်အတူ” ဆိုတဲ့ ဒီမိုကရေစီ စိတ်ဓာတ် အင်အား များနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင် တည်ဆောက် သွားကြပါလို့ အလေးအနက်တိုက်တွန်းသွားပါတယ်။(USA)

adv_banner